ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်   ဇန်နဝါရီ    ၂၇

ပြင်ဦးလွင်မြို့နယ်၌      ငွေကျပ် ၂  ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ   မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


သိမ်းဆည်းရမိ


ဖြစ်စဉ်မှာ   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇန်နဝါရီ ၂၄ ရက် ည ၉ နာရီတွင် ပြင်ဦးလွင်မြို့နယ်  ရေငယ်လမ်းဆုံ      

    မြို့ရှောင်လမ်းတွင်  ရေတံခွန်လမ်း မှ   ပြင်ဦးလွင်    မြို့ရှောင်လမ်းဘက် သို့   ဇော်ဌေး(ခ)အာကြီး မောင်းနှင် လာသည့်  Nissan  Diesel ၁၂ ဘီး ယာဉ်ကို      သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၃၇ ဒသမ ၆၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ  ၂၈ သိန်း   သိမ်းဆည်းရမိ ခဲ့ပြီး   သတင်းကွင်းဆက်အရ  ၂၅ ရက် ညနေ ၃ နာရီတွင် ပြင်ဦးလွင်-မန္တလေးသွားကားလမ်း၊  မိုင်တိုင် အမှတ်(၂၂/၀)အနီးတွင် Fuso ၁၂ ဘီးယာဉ်အား  စစ်ဆေးရှာဖွေရာ ယာဉ်မောင်းအား     တွေ့ရှိခြင်း မရှိဘဲ  ယာဉ်ပေါ်မှ  ဘိန်းဖြူ ၄၂ ဒသမ ၉ ကီလို  ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့်   ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ စုစုပေါင်း ဘိန်းဖြူ ၈၀ ဒသမ ၅၂ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား  ၂ ဒသမ  ၂၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား    ရှမ်း ပြည်နယ် (မြောက်ပိုင်း)မှ မန္တလေး တိုင်းဒေသကြီးသို့   သယ်ဆောင် ခြင်းဖြစ်ကြောင်း   သိရှိရသဖြင့် ၎င်းအား   ဥပဒေအရအရေးယူ ထားရှိပြီး          ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။       


သတင်းစဉ်