ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် လာအိုနိုင်ငံ Laosat သို့ ရောက်ရှိလေ့လာ

 

ရန်ကုန်   ဇူလိုင်   ၁၃


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ   Lao Asia Pacific Satellite  Company  Limited ၏  ဖိတ်ကြားမှုဖြင့်    မြန်မာနိုင်ငံ ရှိ     ရုပ်မြင်သံကြားကဏ္ဍနှင့် ဆက်သွယ်ရေးဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းလာ စေရန်နှင့် မြန်မာ-လာအို နှစ်နိုင်ငံ အကြား         နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင် ရေးတို့အတွက်     လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့   ရောက်ရှိစဉ် ဇူလိုင်  ၁၂  ရက်  နံနက်ပိုင်း၌ Laosat သို့ ရောက်ရှိရာ Laosat မှ CEO Mr Wu Fangjie နှင့်အဖွဲ့က လာအိုနိုင်ငံတွင်    Laosat   စတင် တည်ဆောက်ခဲ့မှုနှင့် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို       အသေးစိတ် ရှင်းလင်းတင်ပြကြပြီး လာအိုနိုင်ငံ နှင့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပူးပေါင်း၍   Laoset   ဂြိုဟ်တု လွှင့်တင်ခဲ့မှု     ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်ဒစ်ဂျစ်တယ်      အစရှိ သည်များ ထုတ်လွှင့်ဆောင်ရွက် သည့် နည်းစနစ်များ၊ ရင်းနှီးမြှုပ်နှံ မှုနှင့်  ပညာရေးအပါအဝင်  လူမှု အထောက်အကူပြု   လုပ်ငန်းများ ဆောင်ရွက်နေမှုများကို   အပြန် အလှန် ဆွေးနွေးကြသည်။


ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံမှ ပြန်လည်ထွက်ခွာ ရာ   လာအိုနိုင်ငံဆိုင်ရာ    မြန်မာ သံအမတ်ကြီး   ဦးအောင်ကိုက လေဆိပ်သို့   ပို့ဆောင်နှုတ်ဆက် ပြီး ညနေပိုင်းတွင်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်း ရရှိသည်။                  

သတင်းစဉ်