ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့်အစပြု

 

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကို ဖိုးသုညများနှင့် တည်ဆောက် ၍မရ။      တန်ဖိုးမြင့်လူ့စွမ်းအား   အရင်းအမြစ်များနှင့်သာလျှင် တည်ဆောက်၍ရသည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ပြည်သူလူထုပညာရေးနိမ့်ကျမှုနှင့်  ဆင်းရဲနွမ်းပါးမှုတို့မှာ  နိုင်ငံ အတွက်  အန္တရာယ်ကိုဖြစ်စေနိုင်သည်။  မြန်မာနိုင်ငံ၏ လက်ရှိ ပညာရေးအခြေအနေမှာ  ဆယ်စုနှစ်များနှင့်ချီ၍ ပြုပြင်ပြောင်းလဲ တည်ဆောက်သွားရမည်ဖြစ်ရာ ဆရာများ၏ ကဏ္ဍမှာ အဓိက အရေးပါသည်။

 


၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ် အထက်  လူဦးရေ ၂၅ ဒသမ ၁၆၉ သန်း ရှိသည့်အနက် ၁၈ ဒသမ ၂၆၃   သန်းမှာ     အခြေခံပညာအလယ်တန်းအဆင့်သာရှိသည်။ တက္ကသိုလ်ဘွဲ့ရသူ နှစ်သန်းကျော်နှင့်  အခြားဘွဲ့ ဒီပလိုမာရသူ ငါးသိန်းကျော်ရှိသည်။ THS နှင့် TVED  အသက်မွေးဝမ်းကျောင်းနှင့် ကျောင်းပြီးသူ   တစ်သိန်းခန့်ရှိသည်။  မြို့ပေါ်နေထိုင်သူ ပညာ တတ်မှာ   ၇၈ - ၈၀ ရာခိုင်နှုန်းရှိပြီး  ကျေးလက်ဒေသများတွင် နေထိုင်သူ ပညာတတ် ၂၀ ရာခိုင်နှုန်းခန့်သာရှိသည်။ ယင်းသို့သော အခြေအနေသည် နိုင်ငံ၏အနာဂတ်အတွက်  အန္တရာယ်ကြီးမားပြီး ပညာရေးမြှင့်တင်မှုကို  မဖြစ်မနေဆောင်ရွက်သွားရမည့်  အခြေ အနေဖြစ်သည်။

 


မြန်မာနိုင်ငံတွင် အခြေခံအားဖြင့် နိုင်ငံသားအားလုံး အခြေခံ ပညာအလယ်တန်းအဆင့်     သင်ယူပြီးမြောက်ပြီးသားဖြစ်ရန် လိုအပ်သည့်အလျောက် KG+9 ပညာရေးစနစ်ကို အကောင်အထည် ဖော်လျက်ရှိသည်။   စာသင်သားတစ်ဦးအနေဖြင့်  အနည်းဆုံး အခြေခံပညာအလယ်တန်းအောင်မြင်ပြီးမှသာ  အသက်မွေးဝမ်း ကျောင်း ပညာရပ်များကို   ကူးပြောင်းသင်ယူနိုင်စွမ်းရှိမည်ဖြစ် ခြင်းကြောင့်  လူတိုင်း KG+9 ပြီးမြောက်စေရန်  သင်ကြားပေး သွားရမည်ဖြစ်သည်။

 


“ကျွန်တော်တို့က  မဖြစ်မနေ   ပညာရေးမြှင့်တင်မှုတွေကို လုပ်ရမှာဖြစ်ပါတယ်။   ဒါကြောင့်   ပညာရေးကို   ဒီနှစ်မှာလည်း ငွေကုန်ကြေးကျခံပြီး  လုပ်ပေးဖို့  ဆောင်ရွက်နေတာရှိပါတယ်။ တစ်ဖက်ကလည်း  ငွေကုန်ကြေးကျလုပ်ပေးနေသလို တစ်ဖက်က ပညာရေးကိုတာဝန်ထမ်းဆောင်နေသူတွေက လုပ်ချင်ကိုင်ချင် စိတ်ရှိအောင် လုပ်ဖို့ လိုတယ်။ နံပါတ် (၁) အချက်က သူတို့အတွက် အာမခံချက်ရှိဖို့။  ဒီလိုသွားရမှာဖြစ်တယ်။  ဒါကြောင့် ပညာရေးမှာ လည်း ကျွန်တော်အဆင့်ဆင့် ပြုပြင်ပြောင်းလဲမှုတွေ အခွင့်အရေး တစ်ခု  ကျွန်တော်ဆောင်ရွက်ပေးနေပါတယ်။ သူတို့ကို ကျွန်တော် တို့  လိုအပ်တဲ့ Facilities ပေးဖို့ လိုမယ်လို့ ကျွန်တော်ယူဆပါ တယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး  အမှတ်စဉ်   (၃/၂၀၂၂) တွင် အမှာစကားပြောကြားရာ၌  ထည့်သွင်းပြောကြားခဲ့သည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနှင့်  ကုန်ထုတ်လုပ်ရေးတို့ အတွက် သဘာဝကပေးထားသည့်  ရေ၊ မြေ၊ သယံဇာတများနှင့် ပြည့်စုံပေရာ    ၎င်းသယံဇာတများကိုအသုံးချပြီး    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်   လုပ်ကိုင်ဆောင်ရွက်နိုင်ရန်မှာ   တန်ဖိုး မြင့်မားပြီး  စွမ်းဆောင်ရည်ပြည့်ဝသည့်   လူသားအရင်းအမြစ် လိုအပ်သည်။ အဆိုပါ လူသားအရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် ဆရာ၊ ဆရာမများက အချက်အချာကျသည်။

 


အနာဂတ်နိုင်ငံတော်ကို     ဖန်တီးတည်ဆောက်ကြမည့် မျိုးဆက်သစ်လူငယ်များအား နိုင်ငံချစ်စိတ်၊  မျိုးချစ်စိတ်တို့ ပြုစု ပျိုးထောင်ပေးရန်၊ အကျင့်စာရိတ္တကောင်းမွန်၍ ရိုးသားဖြောင့်မတ် သူများ    ဖြစ်လာစေရန်၊      ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသူများ ဖြစ်လာစေရန်၊ လူအချင်းချင်း လေးစား တန်ဖိုးထား၍ လောကကောင်းကျိုး သယ်ပိုးလိုသူများ ဖြစ်လာစေ ရန်   ဆရာ၊ ဆရာမများက   လေ့ကျင့်သင်ကြားပေးသွားကြရ မည်ဖြစ်ရာ   အနာဂတ်လူ့ဘောင်အတွက်    ပညာရေးကဏ္ဍမှ ဦးဆောင်အကောင်အထည်ဖော်သွားကြရမည့်  ဆရာ၊ ဆရာမ များအား  ကမ္ဘာ့ဆရာများနေ့တွင်  အလေးအမြတ် ဂုဏ်ပြုအပ်ပါကြောင်း။           ။