
နေပြည်တော် ဇူလိုင် ၂၅
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ပညာရေး ကျောင်းများ၏ ပညာရည်မြှင့်တင် ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်း (နေပြည်တော်) ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ၊ တပ်မတော် ပညာရေးကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ တပ်မတော်အခြေခံပညာကျောင်း များမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ အရာရှိများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်ပညာရေးကျောင်းများ ပညာရည် တိုးတက်မြင့်မားရေးနှင့် ပတ်သက်၍ လိုအပ်သည့် အချက် အလက်များနှင့်စပ်လျဉ်း၍ အမှာ စကားပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးမြင့်ထွန်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေး ပွဲကို ဆက်လက်ပြုလုပ်ရာ ပညာရေးဝန်ကြီးဌာနမှ ဆရာ ဆရာမများနှင့် တက်ရောက်လာ ကြသည့် တာဝန်ရှိသူများက ဆရာ ဆရာမများ သင်ကြားမှု စွမ်းရည်မြှင့်တင်ပေးနိုင်မှု အခြေ အနေများ၊ ပုဂ္ဂလိကကျောင်းများ အစား အခြေခံကျောင်းများတွင် တက်ရောက်စေပြီး အဆင့်မီစွာ သင်ကြားပေးနိုင်မည့် အခြေအနေ နှင့် ဆရာ ဆရာမများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အခြေအနေ များ၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ပတ်သက်၍ မေးခွန်းပုံစံ ဖြေဆို နည်းနှင့် အမှတ်ပေးစည်းမျဉ်း များအား ကျောင်းသား ကျောင်းသူ များ ကြိုတင်သိရှိနားလည် သဘော ပေါက်စေရေးအတွက် ကျောင်းများတွင် ဘာသာရပ် ကျွမ်းကျင် ဆရာကြီး၊ ဆရာမကြီး များအား ဖိတ်ခေါ်၍ ဟောပြောပွဲ များ ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများ၊ မူလတန်း၊ အလယ် တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းစာသင်ခန်းအတွင်း အမှန် တကယ် တတ်မြောက်အောင် သင်ကြားပေးပြီး အရည်အသွေး ပြည့်မီစွာ တန်းစဉ်ကူးပြောင်း နိုင်ရေးအတွက် ပညာရည်စစ်ဆေး တိုင်းတာခြင်းနှင့် တတ်မြောက်မှု အကဲဖြတ်ခြင်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဗလငါးတန် ပြည့်ဝ၍ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်သည့် စံပြ ကျောင်းများ ဖြစ်စေရေး မိဘ၊ ဆရာ၊ ကျောင်းသားများမှ ကဏ္ဍပေါင်းစုံ ပါဝင်လိုက်နာ လုပ်ဆောင်ရမည့် ကိစ္စရပ်များ နှင့် သက်ဆိုင်ရာ မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီး/ ပြည်နယ်နှင့် အခြေခံပညာ ဦးစီးဌာနတို့မှ ပံ့ပိုးဆောင်ရွက်ပေးနိုင်သည့် အခြေ အနေများအား သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိ သည်။
သတင်းစဉ်