ပညာသင်ကြားခြင်းသည် ကလေးများ၏ ဘဝရှေ့ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်

 

နေပြည်တော်   မေ   ၂၃
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို   ယနေ့နံနက်ပိုင်းက  ပြည်ထောင်စု နယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်း ထွန်းဦး၊   ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် များ၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများ၊ ပညာရေးမှူးများ၊  ကျောင်းအုပ်ကြီး များ၊   ကျောင်းအကျိုးတော်ဆောင်များ၊  မိဘဆရာ အသင်းဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘ များနှင့် ကျောင်းသား ကျောင်းသူများ တက်‌ရောက် ကြသည်။
ထို့နောက်     နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပညာသင်ကြားခြင်းသည် ကလေးများ၏ ဘဝရှေ့ရေး အတွက် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် ပညာရေး မြှင့်တင်မှုကို    အလေးထားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း (KG+9) အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ (KG+9) အဆင့် ပြီးဆုံး သည့်အခါ အသက်မွေးဝမ်းကျောင်းပညာ သင်ကြား မည့် ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်သလို သတ်မှတ်အရည် အချင်းပြည့်မီပါက အဆင့်မြင့်ပညာများကို ဆက်လက် သင်ယူနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူ များအားလုံး အလယ်တန်းဆင့်(Grade-9) ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို    သင်ယူလေ့လာခွင့်  ရရှိနိုင်ရေး အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း နှစ်ကျောင်းကို ပျဉ်းမနားမြို့နယ် အ.ထ.က(၁)နှင့် ပုဗ္ဗသီရိမြို့နယ်    အ.ထ.က(၂၀)တို့တွင်   ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မှာတော့  လယ်ဝေးမြို့နယ်  အ.ထ.က(ပျံချီ)နှင့် တပ်ကုန်းမြို့နယ် အ.ထ.က (MRTV) တို့တွင် တိုးချဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ ကျောင်းအပ် သည့် ကလေးများအတွက်  ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို   အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း၊  “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့    ကျောင်းအပ်နှံကြပါစို့” ဟူသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့ သီတင်းပတ်ဆောင်ပုဒ်ကို မိဘအုပ်ထိန်းသူ များ၊    ရပ်ရွာလူထုများ၊  ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေး  တာဝန်တစ်ရပ်အနေဖြင့်  အလေး အနက်ထား အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်၊ ကျောင်းသား ကျောင်းသူများကို စာပေ ပညာတတ်မြောက်စေရေးအပြင်   ဗလငါးတန်နှင့် ပြည့်စုံသည့်     နိုင်ငံသားကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြား  ပြုစုပျိုးထောင်ကြရန်အတွက် အားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်း ထွန်းဦး၊    ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊  နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့်       အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က တာဝန် ရှိသူများထံ အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ပေးအပ်ကြသည်။ 
ယင်းနောက် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံ ပညာအထက်တန်းကျောင်းမှ      ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဖျော်ဖြေ ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး နှင့်   တာဝန်ရှိသူများသည်  စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးကာ အဆိုပါကျောင်းရှိ       ကျောင်းစာကြည့်တိုက်ကို ကြည့်ရှုသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)