ပြည်ခရိုင် ရွှေတောင်မြို့ပေါ်ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

နေပြည်တော်  ဇူလိုင်   ၁၆
ပဲခူးတိုင်းဒေသကြီး         အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ    မြင့်တက်ကာ ပြည်ခရိုင်      ရွှေတောင်မြို့ပေါ်ရှိ ကြာနီကန်ရပ်ကွက်၊    ယွန်းတန်း ရပ်ကွက်နှင့် သရက်တောရပ်ကွက် များအတွင်းသို့ မြစ်ရေဝင်ရောက် မှုများ        ဖြစ်ပေါ်လျက်ရှိသဖြင့် ဒေသခံပြည်သူများသည် ကြာနီ ကန်ရပ်ကွက် ရွှေမျက်မှန်ဘုရား ဝင်းအတွင်းရှိ    ဓမ္မာရုံ၌     ခေတ္တ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
အဆိုပါ ရေဘေးသင့်ပြည်သူ များအား  ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်နယ်မှ     တာဝန်ရှိ သူများက      ကြာနီကန်ရပ်ကွက်၊ ရွှေမျက်မှန်ဘုရားဝင်း    အတွင်းရှိ ဓမ္မာရုံ၌        သွားရောက်တွေ့ဆုံ အားပေးစကား          ပြောကြားပြီး ရေဘေးသင့်ပြည်သူ အိမ်ထောင်စု  ၁၃၆ စု၊ လူဦးရေ ၅၃၀ တို့အတွက်  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ     ထောက်ပံ့လှူဒါန်းသည့် အလှူငွေများအား      ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်