
နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ်သိန်း ၇၉၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ည ၈ နာရီခွဲ တွင် ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်း ၁၃၉(B)လမ်းနှင့် ၁၃၉(C)လမ်းကြားတွင် ရပ်တန့်ထားသည့် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်မောင်း သန့်ဇင်ဦး၊ မိုးဟိန်းတို့နှင့်အတူ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၇၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၂၉ ကီလို၊ ဘိန်းဆီခဲ ၈ ဒသမ ၇ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) တစ်ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၇၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်း ပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ် ကြောင်းသိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်