ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေး

ပြည်  ဇွန်  ၂၀
ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ယနေ့နံနက်ပိုင်းက အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲကျင်းပရာ ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ  မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဌေးဦးနှင့်   ဦးစီးအရာရှိ  ဦးဖြိုးကျော်စွာတို့က  မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခွန်ထမ်းပြည်သူများအား ငွေကြေး ခဝါချမှုနှင့် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာ များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)