ပြည်မြို့နယ်ရှိ လိုင်စင်ရစက်သုံးဆီဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ  ရောင်းချမှု ရှိ/မရှိစစ်ဆေး

ပဲခူး      ဇွန်    ၂၇
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် များ ဖွင့်လှစ်ရောင်းချနေမှုများအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချမှု ရှိ/မရှိကို ယမန်နေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။ 
ပဲခူးတိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီး ဌာန မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် လိုင်စင်ရ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှု မရှိ  စေရေး၊ စက်သုံးဆီဈေးနှုန်းများအား မှန်ကန်စွာရောင်းချနေမှု ရှိ/မရှိ၊ အကန့်အသတ်ဖြင့် ရောင်းချမှု ရှိ/မရှိ၊ အခြင်အတွယ် ကိုက်ညီမှန်ကန် ခြင်း ရှိ/မရှိ၊ ပုံး၊ ခွက်၊ ပီပါများဖြင့် တစ်ဆင့်ခံလက်ကားရောင်းချနေခြင်း ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေများကို   ရှောင်တခင်လိုက်လံစစ်ဆေးခဲ့ကြောင်း  သိရ သည်။                               ကိုတွတ်(ပြန်/ဆက်)