ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး ပြည်တွင်းတွင် ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ဝင်ရောက်ပြီး သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   မေ   ၃၀
ပြည်ပမှစက်သုံးဆီတင်သင်္ဘောများသည် ကြိုတင် စီမံထားသည့်အတိုင်း ပုံမှန်အဆက်မပြတ် ဝင်ရောက် လျက်ရှိပြီး Terminal အသီးသီးသို့  ချယူဖြည့်တင်း လျက်ရှိကြောင်း၊ ဆက်လက်၍လည်း ပုံမှန်ဝင်ရောက် လျက်ရှိနေကြောင်း၊   အရန်စက်သုံးဆီများလည်းပါဝင်ကြောင်းနှင့်       ပြည်တွင်းစက်သုံးဆီသုံးစွဲမှု အတွက်  ဖူလုံမှုရှိကြောင်း  သိရှိရသည်။  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီသည် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းနှင့်   ပေါင်းစပ်ညှိနှိုင်း ၍     တစ်နိုင်ငံလုံးရှိ   စက်မှုဇုန်စက်ရုံ အလုပ်ရုံများ အပါအဝင်  စိုက်ပျိုးရေး၊  မွေးမြူရေး၊ သယ်ယူ ပို့ဆောင်ရေး စသည့် အခြားကဏ္ဍအသီးသီးသို့လည်း လိုအပ်ချက်နှင့်အညီ    ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိကြောင်း၊   ရောင်းဈေးနှုန်းကိုလည်း    ထိန်းသိမ်း ကြပ်မတ်လျက်ရှိသဖြင့်      တည်ငြိမ်လျက်ရှိပြီး  အများပြည်သူအနေဖြင့်   အလွယ်တကူ  အဆင်ပြေ ချောမွေ့စွာ      ဝယ်ယူသုံးစွဲနိုင်လျက်ရှိကြောင်း သိရသည်။
စက်သုံးဆီအရောင်းဆိုင်များသို့    သတ်မှတ် ရည်ညွှန်းဈေးအတိုင်း    ရောင်းချခြင်း   ရှိ/  မရှိ၊ သတ်မှတ်အရည်အသွေးနှင့်      အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/မရှိနှင့်   ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ  လိုက်နာဆောင်ရွက် ခြင်း ရှိ/မရှိကို ရှောင်တခင်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းနှင့်  လိုအပ်သည့်အရေးယူဆောင်ရွက်မှု များကိုလည်း    ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်