
ပြည်ပနိုင်ငံများ၌အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်
=============================================================
နေပြည်တော် အောက်တိုဘာ ၂
နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသား ၅၄ ဦးအား ဖနောင်ပင် မြို့ မြန်မာသံရုံးမှ စီစဉ်သည့် ဒုတိယကြိမ် မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင်လည်း ကောင်း၊ စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေ ရသည့် မြန်မာနိုင်ငံသား ၁၄၇ ဦးအား စင်ကာပူ မြို့ မြန်မာသံရုံးမှ စီစဉ်သည့် အကြိမ် (၂၀) မြောက် မြန်မာအမျိုးသားလေကြောင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ညနေပိုင်းတွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင် ပြေချောမွေ့စွာ အသီးသီး ပြန်လည်ရောက်ရှိခဲ့ ကြသည်။
တာဝန်ယူဆောင်ရွက်ပေး
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ် ရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ သီးသန့်စီစဉ်ပေး သည့် နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွား အလာကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင် စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကယ်ဆယ်ရေးလေယာဉ်/ အထူး လေယာဉ်များဖြင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၇၆၄၀ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
သတင်းစဉ်