နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ တွင် နိုင်ငံရေးအရ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး နိုင်ငံ တော်၏ တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစကာ အခက်အခဲ များစွာ၊ စိန်ခေါ်မှုပေါင်းများစွာတို့ကို ရင်ဆိုင်ကျော်လွှားပြီး နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မပျက်မကွက်ဆောင်ရွက် ခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာခြင်း၊ နိုင်ငံရေးသဘောထားကွဲလွဲမှုများမှ စတင်ကာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများနှင့် ဖျက်ဆီးမှုများ ဖြစ်ပေါ်လာခြင်းနှင့် နိုင်ငံ့စီးပွားရေးကျဆင်းလာနေသည့်အခြေအနေများသည် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့ရသည့် ပထမ တစ်နှစ်သက်တမ်းတွင် ရင်ဆိုင်ဖြေရှင်းခဲ့ရသည့် စိန်ခေါ်မှုများပင် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခြင်းနှင့် ယခင် အစိုးရလက်ထက် ပြည်တွင်းစီးပွားရေး အားပေးမှုနှင့် စီမံ ခန့်ခွဲရေး အားနည်းချက်တို့ကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် နိုင်ငံ၏ ဂျီဒီပီသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက် စိုက်ပျိုးမွေးမြူလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခြင်း ကြောင့် ၂၀၂၁-၂၀၂၂ ပထမ (၆) လပတ်တွင် နိုင်ငံ၏ ဂျီဒီပီကို အပေါင်း ၂ ဒသမ ၄ သို့လည်းကောင်း၊ ၂၀၂၂-၂၀၂၃ တွင် နိုင်ငံ၏ ဂျီဒီပီသည် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့လည်းကောင်း တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွင်လည်း နေ့စဉ်ပျမ်းမျှ ပိုးတွေ့မှုရာခိုင်နှုန်း ၄၀ ကျော်အထိရှိခဲ့ပြီး နိုင်ငံရေး ဝါဒမှိုင်းများကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းအများ အပြား လုပ်ငန်းခွင်ကို စွန့်ခွာသွားခဲ့သည့်အခြေအနေကို ကြုံတွေ့ ခဲ့ရာ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသော မူဝါဒ ဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို ပြည်တွင်း အင်အားအဓိကထားကာ မိတ်ဆွေနိုင်ငံများ၏ ကူညီမှုတို့ဖြင့် အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ချက်များသည် နိုင်ငံတော်၏ ယန္တရားများ ရပ်ဆိုင်းသွားစေရေးအတွက် စီးပွားရေး၊ ငွေရေးကြေးရေး၊ ပညာ ရေး၊ ကျန်းမာရေးနှင့် ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးယန္တရားများ အထိအဘက်ဘက်မှ နှောင့်ယှက်ဟန့်တား၊ ခြိမ်းခြောက်တိုက်ခိုက် အကြမ်းဖက်မှုများကိုပါ ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူ ဆောင်ရွက်မှုများ တစ်ဖက်တွင်ပြုလုပ်ရင်း အခြားတစ်ဖက်က လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး တို့ကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ ယခုနှစ်တွင်မူ မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် နိုင်ငံတော်အစိုးရ၏ ပြည်သူလူထု အပေါ် အလေးထားဆောင်ရွက်ပေးနိုင်မှုကို ထင်ရှားစွာ ပြသနိုင် သော သာဓကတစ်ခုပင်ဖြစ်သည်။ တစ်နာရီ မိုင် ၁၃၀ ကျော်နှုန်း ဖြင့် တိုက်ခတ်ခဲ့သော မုန်တိုင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ခုနစ်မြို့နယ်နှင့် ချင်းပြည်နယ်မှ နှစ်မြို့နယ်တို့တွင် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ရာ မုန်တိုင်းမတိုက်မီ ကြိုတင်ပြင်ဆင်မှု များ ကောင်းစွာစီမံဆောင်ရွက်ခဲ့မှုကြောင့် မုန်တိုင်း၏ အဖျက် အားနှင့်ယှဉ်ပါက အသက်ဆုံးရှုံးမှု နည်းပါးစေခဲ့သည့်အပြင် ပျက်စီးမှုများကိုလည်း မူလအခြေအနေထက် ပိုမိုကောင်းမွန် အောင် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ နိုင်ငံတော်အစိုးရသည် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသော နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသော အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ် တို့ကို ပြည်တွင်းအင်အားကို အခြေခံ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး ဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဂျီဒီပီ ၄ ရာခိုင်နှုန်းခန့်အထိ တိုးတက်မည်ဟု မျှော်မှန်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုများ မူလရည်မှန်းချက်များထက် တိုးတက် စွမ်းဆောင်နိုင်သည်နှင့်အမျှ နိုင်ငံ့စီးပွား ပိုမိုဖွံ့ဖြိုးမည်ဖြစ်ပါ ကြောင်း။ ။