ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော်    ဇူလိုင်    ၃၁


မွန်ပြည်နယ်အတွင်းမှ  ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄/၂၀၂၄)သို့   တက်ရောက်မည့်   နိုင်ငံ့ သားကောင်းရတနာများအား ယနေ့တွင် မော်လမြိုင် မြို့ရှိ    နယ်မြေခံသင်တန်း၌    ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်   ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံအမှာစကား ပြောကြားသည်။


ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄/၂၀၂၄)သို့   တက်ရောက်မည့်   နိုင်ငံ့ သားကောင်းရတနာများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့်  ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ    လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အလားတူ   ရန်ကုန်တိုင်းဒေသကြီး   လှည်းကူး မြို့နယ်ရှိ  နယ်မြေခံသင်တန်းကျောင်း၌  ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်   (၄/၂၀၂၄)     သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက  သွားရောက် ဂုဏ်ပြုကြိုဆိုကြပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်