ပြည်သူ့ဆေးရုံကြီး(ပဲခူးမြို့) အောင်သုခလေးထပ်ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားနှင့် တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း(ပဲခူး) သုံးထပ်အဆောက်အအုံ(အသစ်)ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇွန်   ၁
ပြည်သူ့ဆေးရုံကြီး   (ပဲခူးမြို့) အောင်သုခ  လေးထပ်ဆေးကုသ ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်     အဆိုပါ ဆေးရုံကြီး၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်း၊   တိုင်းဒေသကြီးဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာ ရေးဝန်ထမ်းများနှင့်  ဧည့်သည် တော်များ       တက်ရောက်ကြ သည်။
 ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီ     မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါ်နီနီ၊ အောင်သုခ      ယောဂီဟောင်း      ဒေါက်တာ မိုးကျော်သူ (MD- Rain Forest Co,. Ltd)  အောင်သုခယောဂီများ ကိုယ်စား  ဦးမြင့်သိန်းနှင့်  ကုသ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က      အောင်သုခလေးထပ်   ဆေးကုသ ဆောင်သစ်ကို  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး     ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာ ရည် ပက်ဖျန်းပေးကြသည်။ 
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်   အဆောက် အဦသစ်တွင်ပါဝင်သော အရေးပေါ် နှင့် ပြင်ပလူနာဌာန၊ ကျောက်ကပ် သွေးသန့်စင်    ကုသရေးဌာန၊ သီးသန့်လူနာခန်းများ၊    သံဃာ ဆေးကုသဆောင်များကို   လှည့် လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း    ဆောင်ရွက် ပေးသည်။ 
ယင်းနောက်     ဖွင့်ပွဲအခမ်း အနား ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ  ကျန်းမာရေးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားပြီး တိုင်းဒေသကြီး     ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ အလှူ ရှင်များကိုယ်စား      ဒေါက်တာ မိုးကျော်သူ   (MD- Rain Forest Co,.Ltd)က “အောင်သုခလေးထပ် ဆေးကုသဆောင်”   ဆောက်လုပ် လှူဒါန်းရခြင်းနှင့်    ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
လွှဲပြောင်းပေးအပ်
ဆက်လက်၍  အလှူရှင်များ ကိုယ်စား     အဂ္ဂမဟာသီရိသုဓမ္မ သိင်္ဂီ    မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါ်နီနီက “အောင်သုခ လေးထပ် ဆေးကုသဆောင်သစ်”  လှူဒါန်းမှု မှတ်တမ်းကို     တိုင်းဒေသကြီး လုံခြုံရေးနှင့်    နယ်စပ်ရေးရာ ဝန်ကြီးထံ      ပေးအပ်ခြင်းနှင့် ကျေးဇူးတင်    ဂုဏ်ပြုမှတ်တမ်း လွှာ       ပြန်လည်ပေးအပ်ခြင်း၊ အောင်သုခဆေးကုသဆောင်သစ် နှင့်   ပတ်သက်သည့်    စာရွက် စာတမ်းများကို ပြည်သူ့ဆေးရုံကြီး (ပဲခူးမြို့)      ဆေးရုံအုပ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့်   မြို့မိ မြို့ဖ ဦးမောင်ဝင်းက ကျေးဇူးတင် စကား      ပြောကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး   ဖွင့်ပွဲအထိမ်း အမှတ်   လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။ 
အောင်သုခ    လေးထပ်ဆေး ကုသဆောင်သစ်သည်     ၉၉၄၀ စတုရန်းပေ အကျယ်အဝန်းရှိပြီး ကောင်းမွန်ခိုင်ခံ့သော Structure များဖြင့်   တည်ဆောက်ထားကာ မြေညီထပ်တွင်   အရေးပေါ်နှင့် ပြင်ပလူနာဌာန၊    အစည်းအဝေး ခန်းမ၊ ပထမထပ်၌ ကျောက်ကပ် သန့်စင်ဆေးကုသဌာန၊   ဒုတိယ ထပ်၌ အခပေးလူနာခန်းများနှင့် တတိယထပ်၌ သံဃာတော်များ အတွက်     ဆေးကုသဆောင်တို့ ပါဝင်သည်။ ငွေကျပ် ၅၂၉၉ ဒသမ ၉၁၄၈၃   သန်း     တန်ဖိုးရှိပြီး ကျောက်ကပ်      သွေးသန့်စင်စက် ငါးလုံးအပါအဝင် အခြားဆေးရုံသုံး ပစ္စည်းများလည်း လှူဒါန်းထားရှိ ကာ   ကျန်းမာရေးဝန်ကြီးဌာနမှ လည်း ကျောက်ကပ်ဆေးစက်နှင့်  တွဲဖက်အသုံးပြုရမည့် ရေသန့်စင် စက်၊  200 KVA Generator ၊  500 KVA Transformer နှင့် ဆက်စပ် ပစ္စည်းများကို     ထောက်ပံ့ပေးခဲ့ သဖြင့် နာတာရှည်ကျောက်ကပ် ဝေဒနာရှင်    ပြည်သူများအတွက် ကျောက်ကပ်    သွေးသန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင် မည့်အပြင်   ရဟန်းရှင်လူပြည်သူ များ     သက်သောင့်သက်သာ စိတ်အေးချမ်းသာစွာဖြင့်   ဆေး ကုသမှုများ      ခံယူနိုင်ကြမည် ဖြစ်သည်။ 
ထောက်ပံ့လှူဒါန်း
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပြည်သူ့ဆေးရုံကြီး (ပဲခူးမြို့)၌   ဆောင်ရွက်လျက်ရှိ သည့်   မွေးရာပါ     နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ    ခွဲစိတ်ကုသပေးမှု အခြေအနေကို      သွားရောက် ကြည့်ရှု၍ ခွဲစိတ်ကုသမှုခံယူသည့် ကလေးများကို    အလှူငွေများ ထောက်ပံ့လှူဒါန်းကြသည်။ 
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး၊   တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့သည်  တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင် အအေး ခန်း(ပဲခူး) သုံးထပ်အဆောက်အအုံ (အသစ်)     ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

လှည့်လည်ကြည့်ရှု
အခမ်းအနားတွင်      ပြည် ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်      ပြည်သူ့ ကျန်းမာရေးဦးစီးဌာန     ညွှန်ကြား ရေးမှူးချုပ်တို့က    “ပဲခူး Sub- Depot သုံးထပ်ဆောင် အဆောက် အအုံသစ်”ကို  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး     ကမ္ပည်းမော်ကွန်း ကြေးပြားကို    အမွှေးနံ့သာရည် ပက်ဖျန်းပေးကြကာ   အဆောက် အအုံသစ်တွင်ပါဝင်သော  အအေး ခန်းများ၊ ဆေးထိုးအပ်နှင့် ဆက်စပ် ပစ္စည်းများ   ထားရှိရာအခန်းနှင့် ရုံးခန်းတို့ကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ        မှာကြား ဖြည့်ဆည်းပေးသည်။ 
ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပ ရာ    ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီး    ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ဖွင့်ပွဲ အခမ်းအနား    အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ  ပေးအပ် ကြသည်။ 
အဆောက်အအုံ    သစ်တွင်  ကာကွယ်ဆေးများ    သိုလှောင် ထားရှိရန်အတွက်     Walk In Cooler အအေးခန်း တစ်လုံးနှင့် Walk In Freezer     အအေးခန်း တစ်လုံး၊ ဆေးထိုးအပ်နှင့်ဆက်စပ် ပစ္စည်းများထားရှိရာ (Dry Store) အခန်း၊ ရုံးခန်းများ၊ အစည်းအဝေး ခန်းများ၊   သင်တန်းခန်းမတစ်ခု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစနစ်များနှင့်    45 KVA Back-up Generator မီးစက် တစ်လုံး၊ ဂါလန် ၁၅၀၀ ဆံ့ရေကန် တို့ပါရှိပြီး     စုစုပေါင်းတန်ဖိုးငွေ အမေရိကန် ဒေါ်လာ ၃၃၆၀၀၀ အကုန်အကျခံ    တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။         သတင်းစဉ်