ပြည်သူကို အလုပ်အကျွေးပြု ပြည်သူ့အကျိုးကို ဖော်ဆောင်

 

နိုင်ငံတော်၏     နိုင်ငံရေးအခြေအနေအရ    နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့် သတ်မှတ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က ဇူလိုင်လ ၃၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဩဂုတ်လ ၂ ရက်နေ့ တွင် လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အား ဩဂုတ်လ ၃ ရက်နေ့တွင် လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တွင် လက်ရှိကာလ ဖြစ်ပေါ်တိုးတက်နေသော အခြေအနေများနှင့် အညီ သက်တမ်းထပ်မံတိုးမြှင့်သည့်ကာလအတွင်း နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွား ဘဝများ    ဖွံ့ဖြိုးတိုးတက်ရေး    အရှိန်အဟုန်မြှင့်    ဆက်လက် ဆောင်ရွက်သွားနိုင်ရန်အတွက်  “ရှေ့လုပ်ငန်းစဉ် (၅) ရပ်” နှင့် “ဦးတည်ချက် (၉) ရပ်”တို့ကို အသစ်ထပ်မံချမှတ်၍ အကောင် အထည်ဖော်   ဆောင်ရွက်သွားမည်ဖြစ်သည်။   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ သည်  အန္တိမ ရည်မှန်းချက်ဖြစ်သော  လွတ်လပ်၍  တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊  စစ်မှန်စည်းကမ်းပြည့်ဝသည့်  ပါတီစုံ ဒီမိုကရေစီစနစ်  ခိုင်မာစေရေးနှင့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို  မျက်ခြည် ပြတ်မခံဘဲ တစိုက်မတ်မတ် ချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည် ကို တွေ့ရသည်။


နိုင်ငံတော်၏တာဝန်ကို  ထမ်းဆောင်သည့်  အစိုးရတစ်ရပ် အနေဖြင့် နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့် တာဝန်ရှိသည့် အလျောက် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ စားရေရိက္ခာ ဖူလုံမှုရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး၊ ပညာရည်မြင့်မားစေရေး၊ သက်ရှည်ကျန်းမာမှုရှိစေရေး၊ လျှပ်စစ် ဓာတ်အား  လုံလောက်စွာရရှိစေရေးတို့ကို   အဓိကဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရမည်ဖြစ်ရာ အသစ် ထပ်မံချမှတ်ထားသည့် ဦးတည်ချက် (၉) ရပ်တို့ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်သည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိ သူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် သက်တမ်း ထပ်မံတိုးမြှင့်သည့်ကာလအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့် ဆောင်ရွက်သင့်သည်များကိုပါ မှာကြားခဲ့ပြီး “ပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ ဦးဆောင် ကွပ်ကဲရသည့် ဌာနများအလိုက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ထိန်းကျောင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိကိုယ်ကို အရည် အချင်းရှိပြီး   စည်းကမ်းကောင်းမွန်ရန်လိုသကဲ့သို့   မိမိကွပ်ကဲ ရသည့်    အဖွဲ့အစည်းကိုလည်း   စည်းကမ်းစနစ်တကျရှိစေရေး ကွပ်ကဲနိုင်မှုအပြည့်အဝရှိရန်လိုကြောင်း၊ အစိုးရဌာနများသည် ပြည်သူကို အလုပ်အကျွေးပြုရသည့် ဌာနများဖြစ်သဖြင့် ဝန်ထမ်း များအနေဖြင့်လည်း ကောင်းမွန်သည့် စီမံခန့်ခွဲမှုရှိသည့်၊ လုပ်ငန်း တာဝန်ကျေပွန်သည့်၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်းများဖြစ်ရန်လိုကြောင်း” ဖြင့်လည်း ထည့်သွင်းမှာကြား ခဲ့သည်။


မိမိတို့နိုင်ငံသည် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကို ဖြတ်သန်းနေရချိန်ဖြစ်ပြီး   ပြည်တွင်း ပြည်ပ   ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက်မှုများ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့မှု များကိုပါ ရင်ဆိုင်နေရချိန်ဖြစ်သည်။ အဆိုပါ အနှောင့်အယှက်၊ အတားအဆီးများကို ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ကျော်လွှားနိုင်ရန်မှာ ပြည်တွင်းစည်းလုံးညီညွတ်မှုသည်   အဓိကဖြစ်ပြီး    ပြည်တွင်း အခြေခံစီးပွားရေးဖြစ်သည့်     စိုက်ပျိုးမွေးမြူ   ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အောင်အောင်မြင်မြင် ကြိုးပမ်းမြှင့်တင်ကြရန်ပင် ဖြစ်ပါကြောင်း။           ။