
အသိပေးကြေညာချက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအား ဘဏ်လုပ်ငန်း လိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြပ်မတ် ကွပ်ကဲလျက်ရှိပါသည်။ ဘဏ်များကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်နှင့်အညီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြစ်သော စုဆောင်းအပ်နှံငွေအမျိုးမျိုးလက်ခံပြီး၊ နိုင်ငံတော်၏စီးပွားရေးအတွက် အရေးကြီးကဏ္ဍများကို ချေးငွေ အမျိုးမျိုးထုတ်ချေးခြင်း၊ ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေကြေး ဝန်ဆောင်မှုများဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေးကဏ္ဍအတွက် ငွေကြေးထောက်ပံ့ခြင်း၊ MSMEs လုပ်ငန်းများကို ငွေကြေးထောက်ပံ့ ခြင်း၊ နိုင်ငံတကာဘဏ်များနှင့် ငွေပေးချေမှုများဆောင်ရွက်ခြင်း စသည့် ဘဏ်ဝန်ဆောင်မှုများစွာ ပံ့ပိုးပေးလျက်ရှိပါသည်။
ယခုအခါ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်သမားမီဒီယာများနှင့် အဖျက်သမားအုပ်စုသည် Facebook Page များဖြစ်သော Yan Paing Soe ၊ Dean Kyne အပါအဝင် လူမှုကွန်ရက်စာမျက်နှာ များတွင် မကြာခဏ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပြီး နိုင်ငံ့ စီးပွားရေးနှင့် ငွေကြေးတည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ အဖျက်သမားများက အစိုးရနှင့် အများ ပြည်သူအကျိုးစီးပွား ထိခိုက်စေရန်ရည်ရွယ်၍ မကြာခဏရေးသား ဖြန့်ဝေနေသော လူမှုကွန်ရက်စာမျက်နှာများကို လက်ခံယုံကြည် ခြင်းမရှိရန်နှင့် စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ပြည်သူများက ဝိုင်းဝန်းတိုက်ဖျက်ရန်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
သို့ပါ၍ ပြည်သူများအနေဖြင့် အဖျက်သမားများ၏ လှုံ့ဆော် ရေးသားမှုများကို စိုးရိမ်စရာမလိုဘဲ ဘဏ်များအပေါ် ယုံကြည် စိတ်ချစွာဖြင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ရယူသုံးစွဲနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၄-၆-၂၀၂၄)