
နေပြည်တော် မတ် ၁၁
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး Mr. Francois Lafreniere ဦးဆောင် သောအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီ ခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲကို စံ (၅) ချက်နှင့် အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးဆောင်ရွက်နေမှု၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အတွက် ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်း ဆောင်ရွက်ရန်အတွက် စေ့စပ်ညှိနှိုင်း ရေးကော်မတီများနှင့် ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်မည့်အခြေအနေ၊ တိုက်ပွဲ ရှောင် မဲဆန္ဒရှင်များနှင့် ရွှေ့ပြောင်းလုပ်သားမဲဆန္ဒရှင်များ မဲပေးခွင့် ရရှိ ရေး ဆောင်ရွက်လျက်ရှိသည့် အခြေ အနေ၊ Social Media ပေါ်မှ အမုန်း စကားများ၊ သတင်းအမှားများကို ကာကွယ်တားဆီးသွားမည့် အစီအစဉ် များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်