ပြည်ထောင်စု၀န်ကြီး ဒေါက်တာစိုးဝင်း ညောင်တုန်းမြို့ ကမ်းပတ်တာအခြေအနေ ကြည့်ရှုစစ်ဆေး ရေဘေးသင့်ပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့

နေပြည်တော်   ဩဂုတ်    ၃
လူမှုဝန်ထမ်း၊      ကယ်ဆယ်ရေး နှင့်   ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊       ဧရာဝတီ တိုင်းဒေသကြီး       ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့ နံနက်ပိုင်းက  ညောင်တုန်းမြို့သို့ ရောက်ရှိပြီး  အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ညောင်တုန်းမြို့    ကမ်းပတ်တာ အခြေအနေကို ကြည့်ရှုစစ်ဆေး သည်။
မြစ်ကမ်းထိန်းတည်ဆောက်ရန်
ထို့နောက်    မြစ်ကမ်းထိန်း တည်ဆောက်မှု      လုပ်ငန်းခွင် ရှင်းလင်းဆောင်၌  စံကင်းကျွန်း ရေတိုက်စားမှု၊    ရေလွှမ်းခံရမှု၊   ကာကွယ်ထိန်းသိမ်းရေး ဆောင် ရွက်မှုအခြေအနေများနှင့် ကုက္ကိုဝ  ကျေးရွာ   မြစ်ကမ်းထိန်း  တည် ဆောက်ရန် လိုအပ်မှုအခြေအနေ တို့ကို   ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်    မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး       ဦးစီးမှူးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီး ချုပ်တို့က     လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ယင်းနောက် ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက်     သာသနာ့ ဗိမာန်    ရေဘေးရှောင်စခန်းသို့   ရောက်ရှိပြီး    မြို့နယ်အတွင်းရှိ ရေဘေးရှောင်        စခန်းသုံးခုမှ  ဘေးသင့်ပြည်သူ ၃၁၄ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၂၈၂၆၀၀ဝ၊  ဘေးသင့် ပြည်သူ၂၃၄ ဦးအတွက် ကြက်ဥ  ၉၃၆ လုံးကို   လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က   ဆန်၊   ခေါက်ဆွဲ ခြောက်ထုပ်နှင့်   ငါးသေတ္တာဘူး များကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြပြီး    ရေဘေးသင့် ပြည်သူများနှင့်      ရင်းရင်းနှီးနှီး တွေ့ဆုံ၍  အားပေးစကား ပြော ကြားသည်။
ထောက်ပံ့ပေးအပ်
ဆက်လက်၍ ကျောင်းကုန်း မြို့ မျက်ရှင်တော်ပြည်လုံးချမ်းသာ ဘုရားကြီးဝင်းရှိ ဓမ္မသဟာယမဉ္ဇရီ  ဗိမာန်၌    ရေဘေးရှောင်ပြည်သူ များနှင့် တွေ့ဆုံပြီး ကျောင်းကုန်း မြို့နယ်အတွင်းရှိ  ရေဘေးရှောင် စခန်း ၁၇ ခုမှ   ဘေးသင့်ပြည်သူ ၂၅၁၈  ဦးအတွက်  ဆန်ရိက္ခာဖိုး ငွေကျပ် ၂၂၆၆၂၀၀ဝ၊ ရေဘေးသင့် ပြည်သူ ၅၉၄ ဦးအတွက် ကြက်ဥ ၂၃၇၆   လုံးကို   လည်းကောင်း၊   ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်ထုပ် နှင့် ငါးသေတ္တာဘူးများကိုလည်း ကောင်း     ထောက်ပံ့ပေးအပ်၍ ရေဘေးသင့်      ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေး စကားပြောကြားကာ  မြို့မကျောင်း  ရေဘေးရှောင်စခန်းသို့     သွား ရောက်ကြည့်ရှုသည်။ ယင်းနောက်  မျက်ရှင်တော် ပြည်လုံးချမ်းသာ ဘုရားကြီးကို ဖူးမြော်ကြည်ညိုပြီး ဒက္ခိဏာရာမ   ရွှေကျင်ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ နန္ဒာစရိယအား ဖူးမြော်၍ ဝတ္ထုငွေ နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ကန်ကြီးထောင့်မြို့ အမှတ်(၁)  ရပ်ကွက်   လောက မှန်ကူဘုရားဝင်းရှိ ရေဘေးရှောင် စခန်းသို့ ရောက်ရှိခဲ့ပြီး မြို့နယ် အတွင်းရှိ ရေဘေးရှောင်  စခန်း ၁၃ ခုမှ ဘေးသင့်ပြည်သူ ၁၃၄၇ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၁၂၁၂၃၀၀ဝ နှင့်  အဆိုပါစခန်းရှိ ဘေးသင့်ပြည်သူ ၃၂၇ ဦးအတွက် ကြက်ဥ ၁၃၀၈  လုံးကို  လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က  ဆန်၊ ခေါက်ဆွဲ ခြောက်ထုပ်နှင့် ငါးသေတ္တာဘူးများ ကို   လည်းကောင်း    ထောက်ပံ့ ပေးအပ်ကာ ရေဘေးသင့်ပြည်သူ များနှင့်    ရင်းရင်းနှီးနှီးတွေ့ဆုံ ၍ အားပေးစကား ပြောကြားသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ရုံးနှင့်    ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံတို့ကို ကြည့်ရှုစစ်ဆေး သည်။
ငွေကျပ် ၆၄၄ သိန်းကျော်
ယနေ့    သွားရောက်ခဲ့သည့် မြို့နယ်သုံးမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ ယနေ့ ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် ၆၄၄ သိန်းကျော်ဖြစ်ကြောင်း သိရ သည်။           သတင်းစဉ်