
နေပြည်တော် ဇွန် ၁၉
ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အသိ ပညာမျှဝေဆွေးနွေးပွဲအစီအစဉ် (Know-ledge Sharing Program-KSP) အရ ကျင်းပသည့် “ဆီးချိုသွေးချိုနှင့် သွေးတိုး ရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဆွေးနွေးပွဲ အမှတ်စဉ် (၄၂) ကို ယနေ့ မွန်းလွဲပိုင်း တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်စာရင်း စစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီ ရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်း များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ယခုဆွေးနွေးပွဲမှ တစ်ဆင့် ဆီးချိုနှင့် သွေးတိုးရောဂါဖြစ်ပွား ရသည့် အကြောင်းရင်းများ၊ ကြိုတင် ကာကွယ်လိုက်နာသင့်သည့် အချက်များ၊ နေ့စဉ်ဘဝတွင် နေထိုင်စားသောက်မှုပုံစံ များအပြင် ကျန်းမာရေးအပေါ် Climate Change ၏ အကျိုးသက်ရောက်မှုများကို လည်း သိရှိခွင့်ရမည်ဖြစ်၍ တစ်ဦးချင်း သာမက မိသားစုနှင့် လူ့အသိုက်အဝန်း (Society) အတွက်လည်း ကျန်းမာရေး ဆိုင်ရာဗဟုသုတများကို ကောင်းစွာသိရှိ ထားခြင်းဖြင့် ကျန်းမာစွာနေထိုင်သွားနိုင် မည့် နည်းလမ်းများအတိုင်း လိုက်နာနိုင် မည်ဖြစ်သဖြင့် များစွာအကျိုးကျေးဇူးရရှိ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆေးရုံအုပ် ကြီး ပါမောက္ခဒေါက်တာရဲမြင့်က “ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင် ထွန်းက “Key Notes on Climate Chan-ge and Global Health” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြပြီး ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ သတိပြုလိုက်နာဆင်ခြင်ရမည့် ဆောင် ရန်၊ ရှောင်ရန်များ၊ Climate Change ကြောင့် ကျန်းမာရေးအပေါ်တွင် သက်ရောက်နိုင်သည့်အချက်များ စသည် တို့ကိုလည်း ထည့်သွင်းရှင်းလင်းဆွေးနွေး ပေးကြပြီး ဆွေးနွေးပွဲတက်ရောက်လာ သူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။
ထို့အတူ နံနက်ပိုင်းတွင်လည်း နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး ဆေးပေးခန်း၌ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင် ဦးဆောင်သောအဖွဲ့က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ သွားနှင့် ခံတွင်းဆိုင်ရာရောဂါများ စစ်ဆေးကုသ ပေးခြင်းနှင့် ဆီးချိုသွေးချိုစစ်ဆေးပေး ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်