ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ်၌ အခွန်ပညာပေးဆွေးနွေး

နေပြည်တော်   ဇွန်   ၁၃
ပြည်ထောင်စုနယ်မြေ သီရိ(၅) မြို့နယ်  အခွန်ဦးစီးဌာနမှူးရုံးအနေ ဖြင့် ဥတ္တရသီရိမြို့နယ်ရှိ လုပ်ငန်း ရှင်များအား ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အခွန် ပညာပေးဆွေးနွေးပွဲကို   ယနေ့ တွင် ဥတ္တရသီရိမြို့နယ် အထွေထွေ  အုပ်ချုပ်ရေးဦးစီးဌာန   အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံး    ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သက်သဉ္ဇာ နွယ်က အမှာစကားပြောကြားပြီး ဆက်လက်၍    သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး(ဥတ္တရသီရိ မြို့နယ်တာဝန်ခံ)က ပြေစာများ အ‌ပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် များ ရှင်းလင်းတင်ပြသည်။
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် အခွန် ထမ်းလုပ်ငန်းရှင် စုစုပေါင်း ၁၀၀ ခန့် တက်‌ရောက်ခဲ့ပြီး ပြေစာများ အပေါ်    အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ   သိကောင်း စရာ လက်ကမ်းစာစောင်များနှင့် ဗွီနိုင်းများ ဖြန့်ဝေပေးသည်။
မြန်မာ့အလင်း