ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် လူဦးရေစာရင်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်     မေ    ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် လူဦးရေ စာရင်းများဆိုင်ရာ    လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို     ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းမှန်ကန် ရေးသည် အရေးကြီးကြောင်း၊  ကော်မရှင် အနေဖြင့်  မဲစာရင်းမှန်ကန်ရေးအတွက် အဆင့်ဆင့်  ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး e-Government   ဌာနနှင့်    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့     ပူးပေါင်း၍ မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါစနစ်ကို အသုံးပြု၍ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ရှေ့ပြေးစီမံချက်ဖြင့် ကောက်ယူရရှိထား သည့်    အခြေခံလူဦးရေစာရင်းများကို ဆာဗာအတွင်း      ထည့်သွင်းခဲ့ပြီးဖြစ် ကြောင်း၊ မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် ကို တိုင်းဒေသကြီးနှင့်  ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မရှင် အဖွဲ့ခွဲများမှ   ဝန်ထမ်းများကို   သင်တန်း များ      ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့်  ပုံစံအတိုင်း လေးကြိမ် စမ်းသပ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊၊
 လက်ရှိအချိန်တွင် မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက ပေးပို့ လာသည့် အသက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းများကို     မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ    စီမံခန့်ခွဲမှုစနစ် (Admin and DEO Software) နှင့် ဗဟို မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ် (CVLMS) တို့ကို အသုံးပြု၍ မြို့နယ်အလိုက် စာရင်း ထည့်သွင်းခြင်း၊ မဲရုံခွဲခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်နေကြောင်း၊ ထို့ပြင် သန်းခေါင် စာရင်းကောက်ယူပြီး      ရရှိလာမည့် နောက်ဆုံးလူဦးရေ     စာရင်းကိုလည်း အလားတူဆောင်ရွက်ကာ     မဲစာရင်း ကူးပြောင်းပေးရမည်      ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏ မဲစာရင်းများကို ဆာဗာ ထဲထည့်သွင်းအတည်ပြုပြီးပါက  လေးလ တစ်ကြိမ်      ပုံမှန်ပြင်ဆင်ပေးခြင်းဖြင့် အမြဲရှင်သန်နေသောမဲစာရင်း (Dynamic Voter List) ကိုရရှိရန် ရည်မှန်းထားကြောင်း၊ DVL သည် Online တွင် အမြဲရှိနေမည်ဖြစ် ကြောင်း၊     ပုံစံ (၆၆/၆) လူဦးရေစာရင်းနှင့်    မြေပြင်လူဦးရေစာရင်းမှန်မှ     မဲစာရင်း မှန်မည်ဖြစ်ကြောင်း၊ လူဦးရေစာရင်းနှစ်ခု ၏   သဘောသဘာဝသည်     ပြောင်းလဲနေ တတ်ပါကြောင်း၊    မဲစာရင်းကိုလည်း မကြာမကြာ ပြင်ပေးနေရမည်ဖြစ်ကြောင်း ပြောကြားသည်။ (အပေါ်ယာပုံ)
ထို့နောက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ၏   အသက် ၁၈ နှစ်ပြည့်ပြီး လူဦးရေစာရင်းများကို  CVLMS နှင့် DEO Software   တို့ဖြင့်    ဆောင်ရွက်နေမှု အခြေအနေ၊   ထည့်သွင်းပြီးသည့်စာရင်း များကို   သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့်    စိစစ်ဆောင်ရွက်မည့် အခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ် များက  မဲရုံများ  ခွဲဝေသတ်မှတ်ရာတွင် အခြေခံ   ဆောင်ရွက်ရမည့်အချက်များ၊ မဲရုံခွဲဝေသတ်မှတ်ခြင်းကို စမ်းသပ်ညှိနှိုင်း ဆောင်ရွက်ရာတွင် တွေ့ရှိခဲ့ရသည့် အခြေ အနေများ၊  လူဦးရေစာရင်းပြုစုရာတွင် လိုအပ်သောအချက်အလက်များ ပြည့်စုံ မှန်ကန်ရေးအတွက် တွေ့ရှိရသည့် အခက် အခဲများ၊ ဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စု  နယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများက မဲရုံ လျာထားမှုနှင့် CVLMS စနစ်ဖြင့် ဆောင်ရွက် မှုအခြေအနေတို့ကို     ပါဝါပွိုင့်ဖြင့် လည်း ကောင်း၊     ချင်းပြည်နယ်     ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက    ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့်  လည်းကောင်း   ရှင်းလင်းတင်ပြကြပြီး တာဝန်ခံကော်မရှင်   အဖွဲ့ဝင်များက     ဖြည့်စွက်တင်ပြကြ သည်။
တင်ပြချက်များနှင့်     စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊    အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက     ပြန်လည်ဆွေးနွေး တင်ပြကြပြီး  အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ် များနှင့်စပ်လျဉ်း၍      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး     အမြဲတမ်း အတွင်းဝန်က ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသူများ က အထွေထွေကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် စကားပြောကြားက   အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်     အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး     ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊       ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူ များ၊     တိုင်းဒေသကြီး၊   ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ    ရွေးကောက်ပွဲ အရာရှိများ    တက်ရောက်ကြကြောင်း သတင်းရရှိသည်။            

သတင်းစဉ်