
နေပြည်တော် ဇူလိုင် ၅
မြန်မာအီလက်ထရောနစ် မဲပေး စက်နှင့် စပ်လျဉ်းပြီး ရှင်းလင်း ပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် ရုံး ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဗဟိုဌာနချုပ် ဗဟိုအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) တက်ရောက် သည်။
ရရှိနိုင်မည့်အကျိုးကျေးဇူးများ
ရှင်းလင်း
ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက် ထရောနစ် မဲပေးစက် (MEVM) အသုံးပြု ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန် ရှိသူများက စမ်းသပ်မဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
စိတ်ချယုံကြည်စွာ
ဆောင်ရွက်နိုင်ရေး
Myanmar Electronic Voting Machine (MEVM) စက် သရုပ်ပြ ရှင်းလင်းဆွေးနွေးခြင်း နှင့်စပ်လျဉ်း၍ MEVM စက်အသုံး ပြုမှုအပေါ်တွင် စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်ရေး၊ စမ်းသပ်မဲပေး ခဲ့သည့် မဲဆန္ဒရှင်များအနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့ရွေးချယ် မဲပေးလိုသည့်ပါတီအား လွယ်ကူ ရှင်းလင်းစွာမဲပေးနိုင်ရေး၊ မဲဆန္ဒရှင် များ စိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ မဲပေးနိုင် ရေး၊ မဲပေးခြင်းနှင့် စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး တို့ကို မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင် ရွက်လျက်ရှိသည်။
မဲပေးစက်ဖြင့်
လက်တွေ့ ဆန္ဒမဲပေး
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့ဗဟိုဌာနချုပ်၊ ဗဟို အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ငါးဦးနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုဌာနချုပ်ရုံးမှ ဝန်ထမ်း များ တက်ရောက်ခဲ့ကြပြီး မဲပေး စက်ဖြင့် လက်တွေ့ဆန္ဒမဲပေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်