ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း IFES အဖွဲ့ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၄
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် International Foundation for Electoral System (IFES) အဖွဲ့၏ ဥက္ကဋ္ဌ Mr. Tony Banbury နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးဧည့်တွေ့ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
 
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေ ရမည် ဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပနိုင်ရန် (၂၀၁၉−၂၀၂၂) မဟာဗျူဟာ စီမံကိန်းရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်သင်တန်းများ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်၊ ပြည်သူလူထုအသိပညာပေးခြင်းနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်းလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ကူညီဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြ သည်။
 
သတင်းစဉ်