
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း
ပြည်ထောင်စုနယ်မြေမဲရုံများ၌ ဆန္ဒမဲပေးမှုအခြေအနေ ကြည့်ရှုစစ်ဆေး
===============================================
နေပြည်တော် နိုဝင်ဘာ ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ယနေ့နံနက် ၉ နာရီတွင် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် အထက (၅) ရှိ မဲရုံအမှတ် (၁)၊ အမှတ်(၂)၊ ပျဉ်းမနားမြို့နယ် ရွာကောက်ရပ်ကွက်ရှိ မဲရုံအမှတ်(၂) နှင့် ဥတ္တရသီရိ မြို့နယ် ဥတ္တရသီရိရပ်ကွက်ရှိ မဲရုံအမှတ်(၁) အမက (ချင်းရွာ) များသို့ သွားရောက် ၍ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်များ နှာခေါင်းစည်းဝတ်ဆင်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ခြင်း၊ Social Distancing နှင့်အညီ စနစ်တကျ တန်းစီခြင်း၊ မဲရုံအဝင်၌ လက်သန်းမင်တို့ထား ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မဲစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် တိုက်ဆိုင် စစ်ဆေးခြင်း၊ ဆန္ဒမဲလက်မှတ်ထုတ်ပေးခြင်း၊ လွှတ်တော်အသီးသီးအတွက် ပြည်သူများ ဆန္ဒမဲပေးနေခြင်း၊ မဲပေးပြီးသည့် မဲဆန္ဒရှင်များ၏ လက်သန်းတွင် မင်တို့ခြင်း လုပ်ငန်းစဉ်များနှင့် ကြိုတင်ဆန္ဒမဲလက်မှတ်ထည့်ထားသည့် မဲပုံးနှင့် ကြိုတင်ဆန္ဒမဲပေးသူများစာရင်းတို့ကို ကြည့်ရှုစစ်ဆေးကာ ရွေးကောက်ပွဲလေ့လာ သူများ၊ မဲရုံပရဝဏ်အတွင်း မဲပေးရန်စောင့်ဆိုင်းနေကြသော မဲဆန္ဒရှင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်