
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး UNDP မှ ဌာနေကိုယ်စားလှယ်
Mr. Titon Mitra အား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ
=============================================================================
နေပြည်တော် နိုဝင်ဘာ ၁၁
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦးသည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP မှ ဌာနေ ကိုယ်စားလှယ် Mr. Titon Mitra အား Virtual Meeting ဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲတွင် လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် UNDP တို့အကြား ပူးပေါင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါအလွန် ကာလတွင် ဆက်လက်ပူးပေါင်းဆောင် ရွက်မည့် လုပ်ငန်းများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဆောင်ရွက်လျက် ရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများတွင် UNDP အနေဖြင့် ပံ့ပိုးနိုင်မည့် ကိစ္စရပ် များ၊ UNDP ၏ အကူအညီဖြင့် ထုတ်ဝေခဲ့သည့် ဥပဒေမူကြမ်းရေးဆွဲ ရေး လမ်းညွှန်စာအုပ်နှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ပို့ချဆွေးနွေးနိုင်ရေး ကိစ္စရပ်များ၊ အမျိုးသား မြေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းစဉ်တွင် UNDP မှ အသိပညာ နှင့် နည်းပညာများ ပံ့ပိုးပေးနိုင်မည့် ကိစ္စရပ်များနှင့် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံး များရှိ ဥပဒေအရာရှိများ၏ အင်္ဂလိပ် ဘာသာစကား စွမ်းရည်မြှင့်တင်မှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်