ပြည်ထောင်စုသားအားလုံးတို့၏ဆန္ဒ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး ဖော်ဆောင်

 

တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင် ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က   ဖိတ်ခေါ်လိုက်ပြီဖြစ်ရာ ငြိမ်းချမ်းရေးဆန္ဒအမှန်ဖြင့် ရိုးသားပွင့်လင်းစွာ ဆွေးနွေးမှုများ မှသည်    လက်နက်ကိုင်ပဋိပက္ခများ   အပြီးတိုင်ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံး   ထာဝရငြိမ်းချမ်းရေးအထိ   မျှော်မှန်းနိုင်ကြပြီ ဖြစ်သည်။

 


လာမည့်နှစ်တွင် ၇၅ နှစ် ပြည့်မည်ဖြစ်သည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် မရှေးမနှောင်းမှာပင် အယူဝါဒအမျိုးမျိုး၊ ဦးတည် ချက်အမျိုးမျိုး၊ တောင်းဆိုချက်အမျိုးမျိုးတို့ဖြင့် လက်နက်ကိုင် ပဋိပက္ခများ နေရာဒေသအနှံ့အပြားတွင် ပေါ်ပေါက်ခဲ့ရာ ယနေ့ တိုင်   မချုပ်ငြိမ်းနိုင်သေးဘဲ   ကမ္ဘာပေါ်တွင်   အရှည်ကြာဆုံး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများအဖြစ်       မှတ်တမ်းဝင်ခဲ့ သည်။   ဗြိတိသျှကိုလိုနီလက်အောက်တွင် သွေးခွဲအုပ်ချုပ်မှုအရ တိုင်းရင်းသားများ၏     ပြည်နယ်ဒေသများမှာ      ပြည်မနှင့် နှိုင်းယှဉ်ပါက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည့်အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျ ကျန်ခဲ့ရသည့်အပြင်     တိုင်းရင်းသားလူမျိုးများအကြားတွင် လည်း   သံသယမျိုးစေ့များ   ချထားခဲ့ကာ    မယုံသင်္ကာစိတ်၊ မုန်းတီးစိတ်နှင့် ရန်ငြိုးရန်စအာဃာတတို့ ဖြစ်ပေါ်ကြီးထွားလာ စေရန် နယ်ချဲ့တို့က ကြံစည်လုပ်ဆောင်ခဲ့ကြသည်။ ယင်းအကျိုး ဆက်များက ဆယ်စုနှစ်များစွာ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ရိုက်ခတ်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်မှုများ အပေါ်တွင်လည်း များစွာထိခိုက်စေကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံ သား၊   တိုင်းရင်းသားပြည်သူလူထုအားလုံး၏    အလိုလား အတောင့်တဆုံးသောဆန္ဒမှာ တစ်နိုင်ငံလုံးတွင် ထာဝရငြိမ်းချမ်း ရေး ရရှိရေးပင်ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ  လုံးဝချုပ်ငြိမ်းသွားစေရန်   အဓိက လိုအပ်သည်။   နိုင်ငံတစ်ဝန်းလုံး    ငြိမ်းချမ်းမှသာ   နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာဝပြောရေးတို့က တစ်ဆက်တစ်စပ်တည်း လိုက်ပါဖြစ်ပေါ်လာမည်ဖြစ်ရာ   နိုင်ငံမငြိမ်းချမ်းနိုင်သမျှ   ကမ္ဘာ့ အလယ်မှာရော ဒေသတွင်းမှာပါ မိမိတို့ အောက်ကျနောက်ကျ ဖြစ်နေကြရဦးမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် မိမိတို့၏ ပြည်တွင်းရေးနှင့်   ဆက်စပ်လျက်   ဘေးပယောဂများစွာတို့ ဝင်ရောက်နေပြီဖြစ်ရာ   အချိန်မရွေး    ထာဝရစစ်နွံအတွင်း ကျရောက်သွားနိုင်ပြီး နိုင်ငံ့လွတ်လပ်ရေး  နှစ် ၁၀၀ ပြည့်သည့်တိုင် မငြိမ်းချမ်း၊ မသာယာ၊ မဖွံ့ဖြိုး၊ မတိုးတက်ဘဲ ဆင်းရဲတွင်းနက်သည့်တိုင်းပြည်ဘဝသို့ပင် ရောက်သွားနိုင်သည်ကို  သတိပြုရန် လိုသည်။

 


ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ နှစ်ပေါင်းများစွာကတည်းက ဖြစ်တည်နေခဲ့သည့် ဆန္ဒကို ဖြည့်စွမ်းရန် အကောင်အထည်ဖော် ခြင်းပင်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွား ကို  ဖော်ဆောင်ခြင်းလည်းဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းရေး၊ စည်းလုံးညီညွတ်၍ ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး တို့သည် ပြည်ထောင်စုသားအားလုံးတို့၏ ဆန္ဒနှင့်အညီပင်ဖြစ်ရာ စေတနာမှန်မှန်    စိတ်အားထက်ထက်သန်သန်ဖြင့်   ကြိုးပမ်း စွမ်းဆောင်နိုင်ကြပါစေကြောင်း။   ။