ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ့ခေါင်းဆောင်များမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့

 
 
 
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံ့အကြီးအကဲများက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့ကြသည်။
 
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး မစ္စတာ ငုရင်ဖူးကျောင့်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့သည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့အခါသမယတွင် ဗီယက်နမ်နိုင်ငံနှင့် ပြည်သူများကိုယ်စား အဆွေတော်နှင့် တကွ မြန်မာပြည်သူ ပြည်သားများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ခင်မင်ရင်းနှီးစွာ ပြောကြားလိုပါသည်။
 
လွန်ခဲ့သည့်နှစ်များအတွင်း ရရှိခဲ့သည့် အောင်မြင်မှုများအတွက် မြန်မာ ပြည်သူ ပြည်သားများအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါ သည်။ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာပြည်သူများအနေဖြင့် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ကြမည်ဖြစ်ကြောင်းနှင့် ထိုမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် သဟဇာတရှိ၍ သာယာဝပြောသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်မည်ဟု အခိုင်အမာ ယုံကြည်ပါသည်။
 
နှစ်နိုင်ငံအကြား အစဉ်အလာအရတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာ လွန်ခဲ့သည့်နှစ်များအတွင်း တစိုက် မတ်မတ် တိုးတက်ခိုင်မာလာခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အတွင်း (၁၆) ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် အဆွေတော်၏ ခရီးစဉ်အပါအဝင် အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန် သွားရောက်ခဲ့ကြပါ သည်။ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့် အားထုတ်ကြိုးပမ်းမှုများမှတစ်ဆင့် မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံအကြား ထူထောင်ထားရှိသည့် ကဏ္ဍစုံပူးပေါင်းဆောင် ရွက်မှု မိတ်ဖက်ဆက်ဆံရေးမှာ ဆက်လက်ဖွံ့ဖြိုးတိုးတက်၍ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွား၊ ဒေသ တွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် များစွာအထောက်အကူပြုလိမ့်မည်ဟု ခိုင်ခိုင် မာမာ ယုံကြည်ထားပါသည်။
 
ကိုရီးယားသမ္မတနိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မွန်ဂျေအင်းထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့သည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် အဆွေတော်နှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူများ ထံ နွေးထွေးလှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မိမိအနေဖြင့် နှုတ်ခွန်း ဆက်သအပ်ပါသည်။
 
၂၀၂၀ ပြည့်နှစ်တွင် ကိုရီးယားသမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်သည့် (၄၅)နှစ်ပြည့်မြောက် မည်ဖြစ်ရာ ယခုအချိန်အထိ မိမိတို့နှစ်နိုင်ငံအကြား ပြုစုပျိုးထောင်ရရှိထားသည့် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသီးအပွင့်များ ပိုမိုခံစားရရှိမည်ဟုမျှော်လင့်ပါသည်။ အဆွေတော်နှင့် အနာဂတ်တွင်လည်း နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားလိုပါသည်။
အဆွေတော်ကျန်းမာပါစေကြောင်း၊ အောင်မြင်မှုများဆက်လက်ရရှိပါစေကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သာယာဝပြောမှုများ အဓွန့်ရှည်ပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
 
ထိုင်းနိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့ အခါသမယတွင် ထိုင်းနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်းနှင့် အဆွေတော်နှင့်တကွ မြန်မာပြည်သူ ပြည်သားများအတွက် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားလိုပါ သည်။
 
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူးဆက်နွှယ်မှုများအပြင် တူညီသည့် ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ အမွေအနှစ်များဖြင့် နှစ်ကာလကြာမြင့်စွာ ခိုင်မာသည့်ဆက်ဆံရေးကို ထူထောင်ထားရှိပါသည်။ မိမိတို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများမှာ ပြီးခဲ့သည့် နှစ်များအတွင်း မဟာဗျူဟာကျသည့် မိတ်ဖက်ဆက်ဆံရေးအောက်တွင် အရှိန် အဟုန်ဖြင့် ခိုင်မာစွာ တိုးတက်ဖြစ်ထွန်းလာခဲ့သည်ကို စိတ်ကြည်နူးဖွယ် တွေ့ မြင်နေရပါသည်။
 
အိမ်နီးချင်းကောင်းများဖြစ်ကြသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို အခြေခံလျက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်ရေးကို ဦးတည်သော ဘုံရည်မှန်းချက်များနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကျိုးအတွက်သာမက ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ခိုင်မြဲ စွာ ယုံကြည်ပါသည်။
 
အဆွေတော်ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများ ဆက်လက်ရရှိပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
 
ကျူးဘားသမ္မတနိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ကျူးဘားသမ္မတနိုင်ငံ သမ္မတ မီဂဲလ် ဒီရက်(ဇ်)-ကန်နယ်ဘယ်(ရ်)မူဒက်(ဇ်) ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေး နေ့ နှစ်ပတ်လည်အခါသမယအတွက် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း ကျူးဘားအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် ပြောကြား လိုပါသည်။
 
အခွင့်အခါကြုံခိုက်တွင် မိမိတို့နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတောင့်တင်း ခိုင်မာစေရန် မိမိတို့၏ စိတ်အားထက်သန်မှုကို ထပ်လောင်းအတည်ပြု ဖော်ပြ အပ်ပါသည်။
 
ဆွစ်ဇာလန်နိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဆွစ်ဇာလန်နိုင်ငံ သမ္မတ စင်မိုနက်တာဆွန်မာရုဂါထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် အဆွေတော်နှင့် မြန်မာပြည်သူ ပြည်သားများထံသို့ မိမိအနေဖြင့် ဆုမွန် ကောင်း ပို့သအပ်ပါသည်။
 
ဆွစ်ဇာလန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ယုံကြည်မှုအပေါ် အခြေခံသည့် ရေရှည်တည်တံ့သော နှစ်နိုင်ငံဆက်ဆံရေးကို ထူထောင်ခံစားလျက်ရှိပါသည်။ ဆွစ်ဇာလန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ခိုင်မြဲသောဆက်ဆံရေးကို ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချထားပါသည်။ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင် ရွက်ရေးစီမံကိန်းအစီအစဉ် (၂၀၁၉-၂၀၂၃) ကို သက်တမ်းတိုးမြှင့် ဆောင်ရွက် ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက် မှုရရှိရေးတို့အတွက် ဆွစ်ဇာလန်နိုင်ငံအနေဖြင့် ဆက်လက်ကူညီပံ့ပိုးပေးသွား မည်ဖြစ်ပါသည်။ နှစ်နိုင်ငံသာယာဝပြောရေးနှင့် အကျိုးဖြစ်ထွန်းစေရေးတို့ ကို ရည်သန်လျက် မိမိတို့အနေဖြင့် ဆက်လက်လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အဆွေတော်ရင်ဆိုင်နေရသည့် ယင်းစိန်ခေါ်မှုများအား ရင်ဆိုင်ကျော်လွှား သွားနိုင်ရန် မိမိတို့အတူကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆွေ တော်နှင့် မြန်မာပြည်သူ ပြည်သားများ ပျော်ရွှင်မှု၊ သာယာဝပြောမှုနှင့် အနာဂတ် တွင် တည်ငြိမ်အေးချမ်းမှုတို့နှင့် ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါသည်။
 
မိမိအနေဖြင့် အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
 
ဆာဘီးယားသမ္မတနိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဆာဘီးယားသမ္မတနိုင်ငံ သမ္မတ အဲလက်ဇန္ဒြားဗူစစ်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် ဆာဘီးယားပြည်သူများကိုယ်စား မိမိအနေဖြင့် အဆွေတော် မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူများ ကြွယ်ဝရွှင်လန်းချမ်းသာပါစေကြောင်း နှုတ်ခွန်းဆက်သ လျက် ဆုမွန်ကောင်းပို့သအပ်ပါသည်။
ဘက်မလိုက်လှုပ်ရှားမှု အခြေခံမူများအပေါ်တွင် အခြေခံပြီး ဆယ်စုနှစ် များစွာ အဓွန့်ရှည်လျက်ရှိသည့် မြန်မာ-ဆာဘီးယား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး သည့် ဆက်ဆံရေးသည် အထူးအလေးထားသော အပြန်အလှန်လေးစားမှုနှင့် တန်ဖိုးထားမှုတို့ဖြင့် ဖော်ညွှန်းလျက်ရှိပါသည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရှိသည့် နယ်ပယ်အားလုံး၌ ထိရောက်သော ပူးပေါင်းဆောင်ရွက်ရေးတို့ကို မိမိတို့နှစ်နိုင်ငံအနေဖြင့် ပိုမိုမြှင့်တင်နိုင်လိမ့်မည် ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
မိမိတို့နှစ်နိုင်ငံသည် နိုင်ငံရေးဆွေးနွေးမှုများနှင့် ဘုံအကျိုးထွန်းကားစေ မည့် နယ်ပယ်များ၌ နက်ရှိုင်းစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဟု ယုံကြည်ပါသည်။ မိမိအနေဖြင့် နှစ်နိုင်ငံနှင့် ပြည်သူများအကျိုးစီးပွားအတွက် ဆက်လက်ထိတွေ့သွားမည်ဖြစ်ပါသည်။
မိမိအနေဖြင့် အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
 
ဩစတြီးယားသမ္မတနိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဩစတြီးယားသမ္မတနိုင်ငံ သမ္မတ အလက်ဇန္ဒား ဗန်ဒါဘယ်လန်ထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် အဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း မိမိအနေဖြင့် ဆုမွန် ကောင်း တောင်းအပ်ပါသည်။
 
အဆွေတော် ကျန်းမာချမ်းသာ၍ မြန်မာပြည်သူ ပြည်သားများ အနာဂတ် တွင် ပျော်ရွှင်ပါစေကြောင်း အခါအခွင့်ကြုံခိုက် ဆုမွန်ကောင်းတောင်းအပ်ပါ သည်။
 
ပိုလန်သမ္မတနိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ပိုလန်သမ္မတနိုင်ငံ သမ္မတ အန်ဒရစ် (ဂျ) ဒူဒါထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် ပိုလန်ပြည်သူများကိုယ်စား အဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း မိမိအနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
 
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီသော ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရာတွင် ဆက်လက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများသည် လာမည့်နှစ်များတွင် ပိုမိုတိုးတက်ဖြစ်ထွန်းလာမည်ဟု မိမိအနေဖြင့် မျှော်လင့် ပါသည်။
 
အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများ ကျန်းမာချမ်းသာ၍ သာယာဝပြောပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
 
မော်ရိုကိုနိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ မော်ရိုကိုနိုင်ငံ ဘုရင် ဆဋ္ဌမမြောက် မိုဟာမက်ထံမှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မြန်မာပြည်သူပြည်သားများ ဆက်လက် တိုးတက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
 
နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေရန်အတွက် မော်ရိုကိုနိုင်ငံ အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရန်နှင့် တိုးမြှင့်သွားရန် စိတ်အားထက်သန် လျက်ရှိပါသည်။
 
အီတလီသမ္မတနိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ အီတလီသမ္မတနိုင်ငံ သမ္မတ ဆာဂျီရို မတ်တာရီလာထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ သဟဇာတမျှတစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် အနာဂတ်တွင် ပိုမိုကြွယ်ဝချမ်းသာစေရေးတို့အတွက် အဆွေတော်ထံသို့ မိမိအနေဖြင့် ဆုမွန်ကောင်းပို့သအပ်ပါသည်။
အစဉ်အလာအရရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုသည် မြန်မာ-အီတလီ နှစ်နိုင်ငံ ဆက်ဆံရေးကို ပုံဖော်လျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစီမံချက်များ၏ အကျိုးရလဒ်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ၂၀၃၀ ၏ ရည်မှန်းချက်များရရှိရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ထိရောက်စေရေးတို့အတွက် မိမိတို့နှစ်နိုင်ငံအကြား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
 
အီတလီပြည်သူများကိုယ်စား မိမိအနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါ သည်။
 
ဟန်ဂေရီသမ္မတနိုင်ငံ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ ဟန်ဂေရီသမ္မတနိုင်ငံ သမ္မတ ဂျားနို့စ် အာဒါထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက်လွတ်လပ် ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် အဆွေတော်နှင့် မြန်မာပြည်သူပြည်သားများထံသို့ ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း မိမိအနေဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဟန်ဂေရီနိုင်ငံအနေဖြင့် မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ် ထွန်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို လာမည့်နှစ်များတွင် ပိုမို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိမိအနေဖြင့် ထပ်လောင်းအတည်ပြု အပ်ပါသည်။
 
အဆွေတော် ကျန်းမာပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားများ ပျော်ရွှင်သာယာဝပြောပါစေကြောင်း အခါအခွင့်ကြုံခိုက် ဆုမွန်ကောင်း တောင်းအပ်ပါသည်။
 
ဂျပန်နိုင်ငံ
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့အခါသမယတွင် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား ဝမ်းမြောက် ဂုဏ်ယူကြောင်း မိမိအနေဖြင့် ပြောကြားလိုပါသည်။
 
ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပခဲ့သော ဂျပန်ဧကရာဇ်နန်းတက်ပွဲ အခမ်းအနားသို့ အဆွေတော် တက်ရောက်ချီးမြှင့်ပေးခဲ့သည့်အတွက် ကျေးဇူး တင်ရှိပါကြောင်းဖြင့် ထပ်မံပြောကြားလိုပါသည်။ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ဆက်ဆံရေးခိုင်မာစေရေးအတွက် အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့သည့် အတွက်လည်း အထူးဝမ်းမြောက်မိပါသည်။
ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ပေးသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ရေး ကြိုးပမ်းမှု အတွက် ထောက်ပံ့ကူညီမှုများ အစွမ်းကုန်ဆက်လက်ပေးအပ်သွားမည် ဖြစ်ပါသည်။
 
အဆွေတော် ကျန်းမာပါစေကြောင်းနှင့် ပြည်သူအများ ငြိမ်းချမ်းသာယာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် အဆွေတော်အား ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
 
အိန္ဒိယသမ္မတနိုင်ငံ
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိန္ဒိယ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီထံမှ (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် အိန္ဒိယနိုင်ငံ ပြည်သူများကိုယ်စား မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း နွေးထွေးလှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။
ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့စဉ် အဆွေတော်နှင့် တွေ့ဆုံ၍ အကျိုးရှိစွာ ဆွေးနွေးနိုင်ခဲ့ပါသည်။ မိမိတို့၏တွေ့ဆုံဆွေးနွေးမှုများ သည် နွေးထွေးမှုရှိသော နှစ်နိုင်ငံဆက်ဆံရေးကို ထပ်လောင်းအတည်ပြုခဲ့ပါ သည်။ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီရန်အတွက် ဆောင်ရွက်ရာတွင် ခိုင်မြဲစွာရပ်တည်လျက်ရှိသော မိတ်ဆွေ နိုင်ငံအဖြစ် ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထပ်လောင်းအတည် ပြုအပ်ပါသည်။ မိမိတို့ နှစ်နိုင်ငံ၏ အရေးပါသည့် မိတ်ဖက်ဆက်ဆံရေးအပေါ် အခြေပြုကာ အဆွေတော်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
 
မိမိအနေဖြင့် အခွင့်ကြုံခိုက် အဆွေတော် ကျန်းမာပျော်ရွှင်ပါစေကြောင်း နှင့် မြန်မာနိုင်ငံ ဆက်လက်သာယာဝပြောပြီး ငြိမ်းချမ်းတည်ငြိမ်စည်းလုံးသော နိုင်ငံတော်အဖြစ် တိုးတက်ဖွံ့ဖြိုးမှုများ ဆက်လက်ရရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
 
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် ထောင်လွန်းဆီဆုလစ်ထံမှ (၇၂)နှစ်မြောက်လွတ်လပ် ရေးနေ့အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့အခါသမယတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံအစိုးရကိုယ်စား အဆွေတော်နှင့် မြန်မာပြည်သူ ပြည်သားများအတွက် မိမိအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်စွာ ဆုမွန်ကောင်းပို့သအပ်ပါသည်။
နှစ်နိုင်ငံအကြား အစဉ်အလာအရရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု၊ မိမိတို့ နှစ်နိုင်ငံအကြားနှင့် နှစ်နိုင်ငံအစိုးရများအကြား နှစ်နိုင်ငံနှင့် နိုင်ငံတကာ မျက်နှာစာတွင် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများမှာ ယခုထက် ပိုမိုခိုင်မာတိုးတက်လာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ မိမိတို့နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံပြည်သူများသာမက အာဆီယံမိသားစု၏ ဘုံအကျိုးဖြစ်ထွန်းမှု၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ငြိမ်းချမ်းရေးတို့အတွက် အဆွေတော်နှင့်အတူ ဆက်လက်၍ နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
 
၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးအခါသမယတွင် အဆွေတော်ကျန်းမာ ရွှင်လန်းပါစေကြောင်းနှင့် အဆွေတော်၏ လုပ်ငန်းဆောင်တာများ ပိုမိုအောင် မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။