ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူအား ပြစ်ဒဏ်ချမှတ်

 

နေပြည်တော်   မေ   ၁၂


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၅၀)ရပ်ကွက် နေ    နိုင်လင်းထွန်း(ခ)စောနိုင် လင်းထွန်း(ဘ)ဦးလှသောင်း သည် ၂၀၂၁ ခုနှစ်       ဖေဖော်ဝါရီလမှ မတ်လအထိ ကာလအတွင်း ဒဂုံ မြို့သစ်(မြောက်ပိုင်း)     မြို့နယ် အတွင်း ဆူပူဆန္ဒပြမှုများ၌ ပါဝင် ခဲ့ခြင်း၊     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်   အုပ်စုများအဖြစ် သတ်မှတ်  ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ နယ်မြေအတွင်း  သင်တန်း တက်ရောက်ခြင်း၊       ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများကို ဖြန့်ဝေ ခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ရာတွင် ပါဝင် ခဲ့ခြင်း၊    ဌာနဆိုင်ရာအဆောက် အအုံများနှင့် လမ်း၊     တံတားများ အား       မိုင်းထောင်ဖောက်ခွဲခဲ့ ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial  Law)    စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု      တိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(ဈ) အရ ၎င်းအား ၂၀၂၂ ခုနှစ်   မေ ၁၁ ရက်တွင် “ထောင်ဒဏ်တစ်သက်”   အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

 


စစ်အုပ်ချုပ်ရေး        အမိန့် ထုတ်ပြန်    ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုး ကိုလည်း    ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကိုဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံး ဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက်    မြန်မြန် ဆန်ဆန်    အရေးယူဆောင်ရွက် လျက်ရှိကြောင်း    သတင်းရရှိ သည်။                    

သတင်းစဉ်