
ရန်ကုန် ဇွန် ၁၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ ဇွန် ၅ ရက်မှ ၈ ရက် အထိ ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် စိန့်ပီတာ စဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (27th St. Petersburg Interna-tional Economic Forum - SPIEF-2024) တက်ရောက်ပြီး ဇွန် ၁၀ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့အား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှ
စ၍ နှစ်စဉ်ကျင်းပခဲ့
စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်ကို ၁၉၉၇ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ၏ ကမကထပြု မှုဖြင့် ဆောင်ရွက်ကာ ဖိုရမ်ပြုလုပ် သည့် အခမ်းအနားတိုင်းတွင် လည်း သမ္မတကိုယ်တိုင် တက်ရောက် ချီးမြှင့်ဆွေးနွေး ပြောကြားပြီး ရုရှားနိုင်ငံ လက်ရှိ ဆောင်ရွက်လျက်ရှိသော အဓိက စီးပွားရေးကဏ္ဍများ၊ အစဉ်အမြဲ ကြီးထွားလာသည့် ဈေးကွက်များ နှင့် မျက်မှောက်ခေတ် ကမ္ဘာ့စီးပွား ရေးအခြေအနေများကို နိုင်ငံ တကာစီးပွားရေးအဖွဲ့အစည်းများ အကြား ဆွေးနွေးဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက် ယခု ဖိုရမ်သည် ကမ္ဘာလုံးဆိုင်ရာပလက် ဖောင်းတစ်ခုအဖြစ် ဦးဆောင် ကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အတူ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဝန်ကြီး ဌာနများမှ အဆင့်မြင့်အရာထမ်း များ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းနှင့် ပုဂ္ဂလိကစီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍမှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဖိုရမ်တက်ရောက်စဉ်ကာလ အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဇွန် ၅ ရက် နံနက်ပိုင်းက ဥရောပအာရှ စီးပွားရေးကော်မရှင်၊ မေခရိုစီးပွားရေးနှင့် ပေါင်းစည်း ရေးဝန်ကြီး Mr. Sergei Yurievich Glazyev နှင့်တွေ့ဆုံပြီး မြန်မာ နိုင်ငံနှင့် အီးအေအီးယူအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက် ရေး၊ ပူးပေါင်းဆောင်ရွက်မှု အရှိန် အဟုန်မြှင့်ဆောင်ရွက်ရေး၊ အီးအေ အီးယူ၏ ဒေသတွင်းစီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုများကို လေ့လာရေးဆိုင်ရာ ကိစ္စရပ်များ နှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့ အကြား လက်မှတ် ရေးထိုးပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ အရ ပူးတွဲလုပ်ငန်းအဖွဲ့ဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ရုရှားသမ္မတ ၏အကြံပေး ရုရှားရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ဥက္ကဋ္ဌ Mr. Anton Kobyakov ခေါင်းဆောင် သော ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ မှ ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း သီခြားစီတွေ့ဆုံပြီး ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ဇွန် ၆ ရက် မွန်းလွဲပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maksim Reshetnikov ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပ ခဲ့သည့် စတုတ္ထအကြိမ် ရုရှား - မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် အစည်းအဝေး၏ အစည်းအဝေး မှတ်တမ်းအရ ဆက်လက်ဆောင် ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာ - ရုရှား စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာလမ်းပြမြေပုံ အကောင်အထည်ဖော် ဆောင်ရွက် မှုအခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ၏ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Igor Levitin ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး နှင့် အခြားကဏ္ဍများတွင် အခြေခံ အဆောက်အအုံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ များကို ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး ချုပ်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှား နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများ၊ ရုရှားနိုင်ငံနှင့် မြန်မာ နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် ၍ ရုရှား - အာဆီယံ စီးပွားရေး ကောင်စီဥက္ကဋ္ဌ Mr. Ivan Vikto-rovich Polyakov တည်ခင်း ဧည့်ခံသောအလုပ်သဘော ညစာ စားပွဲသို့ တက်ရောက်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံအကြား ပူးပေါင်းကူညီဆောင်ရွက်နိုင်မည့်
အခြေအနေများဆွေးနွေး
ဇွန် ၇ ရက်တွင် ရုရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Mr. Roman Vladimirovich Starovoyt ခေါင်းဆောင်သောအဖွဲ့နှင့် တွေ့ဆုံ ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ အကြား ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံအကြား လေကြောင်းလိုင်း ပြေးဆွဲနေမှုနှင့်ဆက်လက်ဆောင် ရွက်မည့်အစီအစဉ်များ၊ ရထား ပို့ဆောင်ရေးကဏ္ဍတွင် မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်း ကူညီဆောင်ရွက်နိုင်မည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြသည်။
ဖိုရမ်တက်ရောက်စဉ် ကာလ အတွင်း ပြည်ထောင်စုဝန်ကြီးများ က ဖိုရမ်၏ Panelist များအနေ ဖြင့် တက်ရောက်ဆွေးနွေးကြရာ ဇွန် ၆ ရက် နံနက်ပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က EAEU - ASEAN Business Dialogue ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဇွန် ၇ ရက် နံနက် ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက The Economic of Health: Effectively Managing Health and Improving Quality of Life ခေါင်းစဉ်ဖြင့် လည်း ကောင်း တက်ရောက်ဆွေးနွေးခဲ့ ကြပြီး ဒုတိယဝန်ကြီးချုပ် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ထို့ပြင် သီးခြားတွေ့ဆုံမှုများ အနေဖြင့် ဇွန် ၇ ရက်တွင် ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ခေါင်းဆောင်သောအဖွဲ့နှင့် ရုရှား နိုင်ငံ ကျန်းမာရေးဝန်ကြီး Dr. Mikhail Murashko တွေ့ဆုံခဲ့ပြီး မြန်မာ - ရုရှား နှစ်နိုင်ငံ ကျန်းမာ ရေးကဏ္ဍ ပိုမိုမြှင့်တင်ဆောင် ရွက်နိုင်ရေးကိစ္စရပ်များ၊ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်ရေးဆွဲရေးကိစ္စရပ်များနှင့် တောင်ကြီးစဝ်စံ ထွန်းဆေးရုံတွင် ကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ရုရှားနိုင်ငံမှ ကင်ဆာရောဂါ ကုသမှုဆေးဝါး များ တင်သွင်းဖြန့်ချိရေးနှင့် မြန်မာ နိုင်ငံတွင် ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
အလားတူ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၇ ရက် ညနေပိုင်းတွင် (၂၇)ကြိမ် မြောက် စိန့်ပီတာစဘတ် နိုင်ငံ တကာစီးပွားရေးဖိုရမ်၏ ပင်မ အခမ်းအနားဖြစ်သည့် မျက်နှာစုံညီ အစည်းအဝေး(Main Forum- Pl-enary Session)သို့ တက်ရောက် ကြသည်။
အဆိုပါ အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က မိန့်ခွန်း ပြောကြား၍ နိုင်ငံတကာစီးပွား ရေးဖိုရမ်၏ ပင်မဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ဗိုလစ် ဗီးယားနိုင်ငံသမ္မတ Mr. Luis Arce နှင့် ဇင်ဘာဘွေနိုင်ငံသမ္မတ Mr. Emmerson Mnangagwa တို့က ပါဝင်ဆွေးနွေးကြသည်။
မြန်မာကိုယ်စားလှယ် အဖွဲ့ သည် နည်းပညာဆိုင်ရာကုမ္ပဏီ များ၊ အဖွဲ့အစည်းများနှင့် သီးခြား တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက် ခဲ့ရာ ဇွန် ၆ ရက် နံနက်ပိုင်းတွင် ရုရှားနိုင်ငံ၏ နိုင်ငံတကာစွမ်းအင် ကုမ္ပဏီဖြစ်သည့် PJSC Gazprom Company မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် စွမ်းအင်ဆိုင်ရာကဏ္ဍ၌ ရင်းနှီး မြှုပ်နှံမှု ဆောင်ရွက်နိုင်မည့်အခြေ အနေများကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် FESCO Tran-sportation & Logistics Com-pany မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ပို့ဆောင် ရေးနှင့် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များကို လည်းကောင်း၊ ဇွန် ၇ ရက် မွန်းလွဲပိုင်းတွင် Business Russia နှင့် Aquarius နည်းပညာကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွား ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်း အချက်အလက်နည်းပညာကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်နိုင် ရေးနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်