ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော်   ဩဂုတ်  ၈
(၁၆)   ကြိမ်မြောက်     အာဆီယံ ကျန်းမာရေးဝန်ကြီးများ   အစည်း အဝေးကို      ယနေ့တွင်    လာအို ပြည်သူ့ဒီမိုကရက်တစ်    သမ္မတ နိုင်ငံ၊  ဗီယင်ကျန်းမြို့၊ National Convention Center ၌  ကျင်းပ ရာ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများ၊   ကျန်းမာရေးဝန်ကြီး ဌာန        ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် လာအိုနိုင်ငံဆိုင်ရာ   မြန်မာ သံအမတ်ကြီး၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်     အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ     တက်ရောက် ကြသည်။  
အခမ်းအနားတွင်    အာဆီယံ ကျန်းမာရေးကဏ္ဍ     အလှည့်ကျ ဥက္ကဋ္ဌ လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ    ကျန်းမာရေး ဝန်ကြီး    H.E. Mr. Bounfeng Phoummalaysith နှင့် အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူး ချုပ်တို့က     ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
အစည်းအဝေး၏ ဖွင့်ပွဲအခမ်း အနားအပြီးတွင်  အာဆီယံဒေသ တွင်း ဆေးလိပ်ငွေ့ကင်းစင်စေရန် ရည်ရွယ်၍  အရှေ့တောင်အာရှ ဆေးလိပ်နှင့်      ဆေးရွက်ကြီး ထိန်းချုပ်ရေးမိတ်ဖက်အဖွဲ့ (South East   Asia   Tobacco   Control Alliance) နှင့် အာဆီယံအတွင်း ရေးမှူးအဖွဲ့ရုံးတို့      ပူးပေါင်း ဆောင်ရွက်သည့်      အာဆီယံ ဆေးလိပ်ငွေ့ကင်းစင်    ဒေသဆု (ASEAN Smoke Free Award)ဆုပေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံ မှ      ဆေးလိပ်ငွေ့ကင်းစင်ဒေသ များ  ထူထောင်ထားရှိသည့်အနက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အား     အာဆီယံဆေးလိပ်ငွေ့ ကင်းစင်ဒေသဆု          (ASEAN Smoke  Free  Award)   အတွက် ကြေးတံဆိပ်ဆုကို လာအိုပြည်သူ့ ဒီမိုကရက်တစ်        သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး   H.E. Mr. Bounfeng     Phoummalaysith က ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံ ကျန်းမာရေး     ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (မကူးစက်) နှင့် ပုဂံညောင်ဦးခရိုင် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူးတို့က ဆုလက်ခံ ရယူကြသည်။  
ထို့နောက်  အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံ ကျန်းမာရေး        ဝန်ကြီးများသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊    လာအိုနိုင်ငံ ဆိုင်ရာ    သံတမန်များနှင့်အတူ (၅၇)   နှစ်မြောက်      အာဆီယံ နှစ်ပတ်လည်နေ့   အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြ ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။   
ယင်းနောက် (၁၆)ကြိမ်မြောက်     အာဆီယံကျန်းမာရေးဝန်ကြီးများ     အစည်းအဝေးကို    “ကပ်ရောဂါ အလွန်  ကျန်းမာရေးစောင့်ရှောက် မှု  စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဖြင့်      အားကောင်းခိုင်မာသော     ကျန်းမာရေးစနစ်    ဖြစ်ပေါ်ရေး”         ခေါင်းစဉ်ဖြင့်  ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဆွေးနွေးပြောကြား ရာတွင် ယခုကျင်းပသည့် အစည်း အဝေးခေါင်းစဉ်သည်    လက်ရှိ ကာလ       ဖြစ်ပွားလျက်ရှိသော ကျန်းမာရေးပြဿနာ အခြေအနေ များနှင့်  သင့်လျော်ကိုက်ညီမှုရှိပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ သည် အာဆီယံဒေသတွင်း အပါ အဝင်   ကမ္ဘာတစ်ဝန်းရှိ  ကျန်းမာ ရေးစောင့်ရှောက်မှု       စနစ်များ ၏    အားနည်းချက်၊    အားသာ ချက်များကို      ဖော်ထုတ်နိုင်ခဲ့ ပါကြောင်း၊  
နောင်လာမည့်     ကာလများ၌ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ပြဿနာများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန်အတွက်     ကျန်းမာ ရေးစနစ်    ခိုင်ခံ့စေမည့်ပြင်ဆင်မှု များ     ကြိုတင်ဆောင်ရွက်နိုင်ပါ ကြောင်း၊ ကျန်းမာရေးစောင့်ရှောက် မှု   လိုအပ်ချက်မြင့်တက်လာမှုကို စီမံခန့်ခွဲရန်နှင့်   မရှိမဖြစ်   လိုအပ် သော ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်ရန်အတွက်   ကျန်းမာ ရေးဝန်ထမ်းများ၏    စွမ်းဆောင် ရည်ကို ပိုမိုမြှင့်တင်ရေး   ဆောင် ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ် များကို ခံနိုင်ရည်ရှိသည့် ကျန်းမာ ရေး  အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊  ရောဂါရှာဖွေမှု များအတွက်   ဓာတ်ခွဲခန်းများကို တိုးမြှင့်ခြင်း၊    မရှိမဖြစ်လိုအပ် သော ဆေးဝါးများနှင့်   ကာကွယ် ဆေးများကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန် ဆောင်ရွက်ခြင်းတို့ကို အထူးအလေးပေး လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊  ဒေသအတွင်း ကျန်းမာသော      လူနေမှုပုံစံများ မြှင့်တင်ရေးနှင့်      မကူးစက်နိုင် သော     ရောဂါများကို     ကာကွယ် ရေး   ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နိုင်ရန် လိုအပ်ပါကြောင်း၊ ကူးစက် ရောဂါများသည် နယ်မြေကန့်သတ် ချက်မရှိပါသဖြင့် အာဆီယံဒေသ တွင်း အတူတကွ ပူးပေါင်းဆောင် ရွက်မှုသည် မရှိမဖြစ်  လိုအပ်ပါ ကြောင်း၊    အဖွဲ့ဝင်နိုင်ငံအချင်းချင်း အသိပညာ  မျှဝေမှု၊  ကောင်းမွန် သော  အတွေ့အကြုံများဖလှယ် ခြင်း၊ ပူးတွဲသုတေသနဆောင်ရွက် မှုများနှင့်  စွမ်းဆောင်ရည်မြှင့်တင် ရေး အစီအစဉ်များကို   လက်တွဲ ညီစွာ   ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊    ဒေသတွင်းရှိ ပြည်သူလူထု    အားလုံးအတွက် ပိုမိုကျန်းမာ၍    ပိုမိုကောင်းမွန် သော အနာဂတ်ရရှိစေရေး ပူးပေါင်း ဆောင်ရွက်ကြရမည်      ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် (၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး၏  ပူးတွဲကြေညာ စာတမ်းကို   အတည်ပြုထုတ်ပြန် ခဲ့ကြသည်။ အဆိုပါ အစည်းအဝေး သို့ အာဆီယံနိုင်ငံများမှ ကျန်းမာ ရေးဝန်ကြီးများ၊   ဒုတိယဝန်ကြီး များ၊       ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့    အရှေ့တောင် အာရှဒေသဆိုင်ရာ    ညွှန်ကြား ရေးမှူး၊ အနောက်ပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ   ဒုတိယ အထွေထွေ    အတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာ ရေးဝန်ကြီးဌာနမှ       အဆင့်မြင့် အရာရှိကြီးများ        တက်ရောက်ကြ သည်။
သတင်းစဉ်