ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန်  ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်      မြန်မာနိုင်ငံဆိုင်ရာ   ကုလသမဂ္ဂလူသားချင်းစာနာ   ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Sajjad Mohammad Sajid ဦးဆောင်သောအဖွဲ့ကို ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင်  အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်   လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNOCHA တို့အကြား သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုး ရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အခြေအနေများ၊ UNOCHA မှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင် ခွင့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ခရီးသွားလာခွင့်ကိစ္စရပ်များ၊ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စရပ်များနှင့် UNOCHAက ဆောင်ရွက် မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန် ရေးလုပ်ငန်းအစီအစဉ်ရေးဆွဲရာတွင်  သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်  ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို  ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။သတင်းစဉ်