ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း (၁၄)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲတက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

နေပြည်တော်   ဇူလိုင်  ၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင် ဘတ်မြို့၌ ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် (၁၄)ကြိမ်မြောက်  စက်မှုကုန်စည်ပြပွဲ  (အင်နိုပရွန်)သို့    တက်ရောက်ရန်    ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့်  ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယကုန်သွယ်ရေး ကိုယ်စားလှယ်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌   ပို့ဆောင်နှုတ်ဆက် ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း ရုရှားဖက်ဒရေးရှင်း နိုင်ငံ   စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ဆဗျဲလော့ဗ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ Tya-zhpromexport Co., Ltd. (TPE) ညွှန်ကြားရေးမှူး ချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ၍ သံမဏိထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများအတွက် ဆောင်ရွက် ရမည့်ကိစ္စရပ်များကို ဆွေးနွေးခြင်း၊ သံမဏိထုတ်လုပ် မှုလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများအား ကြည့်ရှုလေ့လာခြင်း၊ စက်မှုကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်း အနားတက်ရောက်ခြင်း၊  ခင်းကျင်းပြသထားသည့် ပြခန်းများ ကြည့်ရှုလေ့လာခြင်းနှင့် စက်မှုကုန်စည် ပြပွဲနှင့်  ဆက်စပ်ကျင်းပသည့်  ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ ကုန်စည်ပြပွဲတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် ကော်ပိုရေးရှင်း “Rostec” ၊ “KAMZ” JSC၊ “GAZ” Group ၊ “AVTOVAZ” JSC ၊ နိုင်ငံပိုင်ကော်ပို ရေးရှင်း “Roscosmos”၊ Concern VKO “Almaz-Antei” JSC ၊ နိုင်ငံပိုင်ကော်ပိုရေးရှင်း “Rosatom”၊ “Transmashholding” JSC ၊ “Kasperskiy Labora-tory” JSC ၊ “Severstal” PJSC ၊ “Rosseti” PJSC များ အပါအဝင် ကုမ္ပဏီ ၆၀၀ ကျော် ပါဝင်ပြသမည် ဖြစ်သည်။ ထို့ပြင် စီးပွားရေးအစီအစဉ်၌ “Digital Manufacturing” ၊ “Industrial Innovations” ၊ “Industrial Development” ၊ “Metroplitian Technologies” ၊ “Labour Efficiency” ၊ “Financing of Manufacturing” ၊ “New Mobility” ၊ “Chemical Industry” ၊ “ENG in Industry” ၊ “Educational Solutions in Industry” ၊ “Food Tech/Agri Tech” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲပေါင်း  ၁၀၀ ကျော်ကို  ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။       
                       

သတင်းစဉ်