
နေပြည်တော် ဩဂုတ် ၁၇
ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ ဝန်ထမ်း များ၏ သားသမီးများအား ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့နယ် ဆေးဝါး စက်ရုံ (အင်းစိန်) ဆေးဝါးစက်ရုံ သမိုင်းပြခန်း၌ ကျင်းပရာ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ညွှန်ကြား ရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြား ရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် အရာထမ်း/အမှုထမ်း များ၊ အခြေခံပညာနှင့် တက္ကသိုလ် အဆင့်တို့တွင် တက်ရောက်ပညာ သင်ကြားနေသည့် ဝန်ထမ်းများ၏ သားသမီးများ တက်ရောက်သည်။
ထောက်ပံ့ပေးအပ်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ ဝန်ထမ်း သားသမီးကျောင်းသား ကျောင်း သူများအတွက် ကျောင်းသုံးစာရေး ကိရိယာများကို ထောက်ပံ့ ပေးအပ်ရာ ကျောင်းသား ကျောင်းသူများက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ တွင် အခြေခံပညာနှင့် တက္ကသိုလ် အဆင့်တို့တွင် တက်ရောက်ပညာ သင်ကြားနေသည့် ဝန်ထမ်းများ၏ သားသမီး ၅၉၈ ဦး အတွက် ငွေကျပ် ၁၀၁ သိန်းကျော် တန်ဖိုးရှိ ကျောင်းသုံးစာရေးကိရိယာများ ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဆေးဝါးစက်ရုံ များအတွက် ကုန်ကြမ်းပစ္စည်း များ၊ စက်အရန်ပစ္စည်းများ ပေး သွင်းနိုင်ရေးအတွက် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးသည်။
လူများ၏အသက်ကိုကယ်တင်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဆေးဝါးစက်ရုံ (အင်းစိန်)ရှိ ဌာနကြီးမှူးများနှင့် တွေ့ဆုံ၍ ဆေးဝါးစက်ရုံများ အနေဖြင့် ပြည်သူများအတွက် အခြေခံအကျ ဆုံးဆေးဝါးများအပါအဝင် ဆေးဝါး အမျိုးပေါင်း ၂၀၀ ကျော်ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ စံချိန်စံညွှန်း နှင့်အညီ ထုတ်လုပ်ဆောင်ရွက် လျက်ရှိကြောင်း၊ ဆေးဝါးစက်ရုံ များအနေဖြင့် လူများ၏ အသက် ကိုကယ်တင်သည့် ဆေးဝါးများကို ထုတ်လုပ်ပေးနေခြင်း ဖြစ်သည့် အတွက် ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်တိုင်းကို အထူးဂရုပြု၍ အလေးထားဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆေးဝါး ထုတ်လုပ်မှုသမိုင်းပြခန်း ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော် ဝန်ကြီးချုပ်က “ဆေးဝါးဆိုတာ ပြည်သူတွေရဲ့ အသက်ကယ်တဲ့ ပစ္စည်းဖြစ်၍ ဆေးဝါးထုတ်လုပ်မှု ကို ဆောင်ရွက်နေခြင်းသည် မွန်မြတ်သောကုသိုလ်ကို ပြုလုပ် ခြင်းဖြစ်တယ်” ဟု မိန့်မှတ်ချက်ပြု ခဲ့ကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်ပြည့်ဝပြီး တာဝန်ကျေပွန် သည့် ဝန်ထမ်းကောင်းများဖြစ်လာ စေရေး ကြိုးပမ်းဆောင်ရွက်ကြ ရန် အလေးအနက်ထား ဆောင်ရွက်ရန် မှာကြားသည်။
ခေတ်မီနည်းပညာရပ်များရရှိရေး
မွန်းလွဲပိုင်းတွင် အင်းစိန် မြို့နယ်ရှိ ချည်မျှင်နှင့် အထည် ထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးရေး ဌာနသို့ရောက်ရှိပြီး ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အနေဖြင့် ဝတ်ဆင်ရေးကဏ္ဍ ပြည့်စုံဖူလုံစေ ရေးအတွက် ဝါမှ ဝါဂွမ်း၊ ချည်၊ အထည်ရက်လုပ်ခြင်း လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ် သည့် ချည်မျှင်များ၏ အရည် အသွေး ကောင်းမွန်ရေးအတွက် စက်ပစ္စည်း ကိရိယာများကို အဆင့်မြှင့်တင်ခြင်း၊ ချိန်ညှိခြင်း လုပ်ငန်းများကို ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါဂွမ်း၊ ချည်၊ အထည်စမ်းသပ် စစ်ဆေးသည့် ခေတ်မီနည်းပညာ ရပ်များရရှိရေးအတွက် လေ့လာ သင်ယူမှုလုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်ရမည်ဖြစ် ကြောင်း မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ချုပ်သို့ရောက်ရှိပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင် နှင့်အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး စက်ရုံ/အလုပ်ရုံများ တည်ဆောက် လည်ပတ်ရာတွင် အလုပ်သမား များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံ ပုံစံ၊ စက်ပစ္စည်းများထားရှိမည့်ပုံစံ စသည်တို့ကို လက်မှတ်ရ အင်ဂျင် နီယာများက စစ်ဆေး၍အတည်ပြု လက်မှတ်ရေးထိုး ဆောင်ရွက် ရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာ သည့် ဗဟိုအလုပ်အမှုဆောင်များ က မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်၏ လုပ်ငန်းဆောင် ရွက်ချက်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်