ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော်    ဇူလိုင်    ၁၀  
ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော      မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ     နိုင်ငံတကာ    ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China Interna-tional  Development  Cooperation  Agency - CIDCA) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပေကျင်းမြို့၌ ဇူလိုင် ၁၁ ရက် မှ  ၁၃ ရက်အထိ ကျင်းပမည့်   ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက်    ကမ္ဘာလုံး ဆိုင်ရာ    ဆောင်ရွက်ချက်ဖိုရမ်၏    ဒုတိယအကြိမ် အဆင့်မြင့်ညီလာခံ (Second High - Level Confer-ence of the Forum on Global Action for Shared Development) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်း တွင်  လေကြောင်းခရီးဖြင့်   ရန်ကုန်မြို့မှ  တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး   ဦးဆောင်သော     မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံ မှုနှင့်    နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက      ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ   ညွှန်ကြားမှုဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြောင်း သိရသည်။                                   သတင်းစဉ်