ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မကွေးတိုင်းဒေသကြီးရှိ မကွေးခရိုင်၊ မင်းဘူးခရိုင် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မကွေးတိုင်းဒေသကြီးရှိ

မကွေးခရိုင်၊ မင်းဘူးခရိုင် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ

==============================================================

နေပြည်တော် ဩဂုတ် ၉

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မင်းဘူး ခရိုင် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပွဲ ကို ယနေ့နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး ပညာ ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ထွက်သည့်နေ့ ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသည့် ကျောင်းသား ကျောင်းသူများအတွက် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း၊ မအောင်မြင်သူများအတွက် အထူးစိတ်မကောင်း ဖြစ်ရပါကြောင်းနှင့် အကောင်းဆုံးပြန်လည်ကြိုးစား လျှောက်လှမ်းနိုင်ရေး အားပေးပါကြောင်း၊ ယခုနှစ်တွင် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး ထိုလက်မှတ်ဖြင့် သတ်မှတ်ထားသော နည်းပညာနှင့်သက်မွေးသင်တန်းများ ဆည်းပူးသင်ယူနိုင် ရန် အခွင့်အလမ်းရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေး ကြရမည်ဖြစ်ပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကာလအတွင်း ကျောင်းသား ကျောင်းသူများ ပညာသင်ယူခွင့် မဆုံးရှုံးစေရေး အခြေခံပညာအထက်တန်း ကျောင်းများကို ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ကျောင်းအုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူ ပြည်သူများအားလုံး လိုက်နာဆောင်ရွက်၍ သင်ကြားသင်ယူကြရန် အရေးကြီးပါ ကြောင်း၊ ယခုအချိန်ကာလတွင် ကျောင်းသား ကျောင်းသူ များ၏ ကျန်းမာရေး၊ လုံခြုံဘေးကင်းရေး၊ သင်ယူ တတ်မြောက်မှု အရည်အသွေးကောင်းမွန်ရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်း အကောင်းဆုံးဖြင့် အပင်ပန်းခံ ဆောင်ရွက်ပေးနေကြသည့် ဆရာ ဆရာမများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကူးစက်မြန်ရောဂါဖြစ်၍ အလေး အနက်ထား၍ နေ့စဉ် ကျောင်းအဆင့် Check List ဖြင့် စစ်ဆေးရန်၊ zero reporting ကိုလည်း ပုံမှန်နေ့စဉ် တင်ပြ ရန်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်လေ့လာ ဆန်းစစ်သည့် အဖွဲ့များဖြင့် စစ်ဆေးရန်၊ Monitoring Squad များဖွဲ့စည်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကဏ္ဍအသီးသီး တွင် အခက်အခဲ၊ ပြဿနာ၊ စိန်ခေါ်မှုများဖြင့် ကြုံတွေ့ကြ ရပါကြောင်း၊ အခက်အခဲ စိန်ခေါ်မှုကြားမှ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ပညာသင်ယူမှု မဆုံးရှုံးရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အရည် အသွေးအကောင်းဆုံးရရှိစေရေးအတွက် အားလုံးလက်တွဲ ကာ စေတနာ၊ မေတ္တာ၊ ကရုဏာတို့ဖြင့် ဆက်လက်၍ ဝိုင်းဝန်းပူးပေါင်း ကူညီအားဖြည့် ဆောင်ရွက်ပေးကြစေလို ပါကြောင်း၊ ပညာရေးမှူးရုံးနှင့်၊ ခရိုင်၊ မြို့နယ်၊ ကျောင်းများ အလိုက် ဝက်ဘ်ဆိုက်များ တည်ဆောက်အသုံးပြုကြရန်နှင့်၊ ဝက်ဘ်ဆိုက်များတွင် ပညာရေးလှုပ်ရှားဆောင်ရွက်မှုများ၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်အသိပေးနိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အခြေခံပညာအထက်တန်း ကျောင်းများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား အဆင်ပြေချောမွေ့စွာဖြင့် သင်ကြားသင်ယူခွင့်ရရှိရေးအတွက် ဆရာ၊ စာသင်ခန်း၊ သန့်စင်ခန်း၊ စာကြည့်တိုက်၊ သောက်သုံးရေ၊ အိုင်စီတီ၊ ဝန်ထမ်းအိမ်ရာများ စသည့်လိုအပ်ချက်များကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

 

တာဝန်ရှိသူများအားလုံး ညီညီညွတ်ညွတ်စုပေါင်း အားဖြင့် ကျောင်းသား ကျောင်းသူများ အားလုံးတို့ကို လူသားကောင်းများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ၊ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်တတ်သူများ၊ ဆန်းသစ် တီထွင်ဖန်တီးနိုင်စွမ်းရှိသူများ ဖြစ်လာစေရေး ပူးပေါင်း ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြား သည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက မကွေးတိုင်းဒေသကြီးအတွင်း ပညာရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးပညာရေးမှူး ဦးစိုးလွင်က ပညာရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာသည့် ဆရာ ဆရာမ များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြား သည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် မကွေးနည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး) များသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သင်ကြားသင်ယူရေး၊ စီမံ ခန့်ခွဲရေးရာဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်း များနှင့် ကိုဗစ်ကာလအတွင်း ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။

 

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မကွေး)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မကွေး)နှင့် မကွေးပညာရေးကောလိပ်များသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်