ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ကွန်ပျူတာတက္ကသိုလ်(မြိတ်)နှင့် နည်းပညာတက္ကသိုလ်(မြိတ်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေး

နေပြည်တော်  ဇူလိုင်   ၁၃
သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  မျိုးသိန်းကျော်သည်      တာဝန်ရှိသူ များနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး    မြိတ်မြို့ရှိ    ကွန်ပျူတာတက္ကသိုလ်(မြိတ်)နှင့်      နည်းပညာ တက္ကသိုလ်(မြိတ်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး ပြီး   နိုင်ငံတကာ   Polytechnic University များ အကြောင်း ရှင်းလင်းဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(မြိတ်) အစည်း အဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်း ဆွေးနွေးပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန   ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေခြည်လဲ့လဲ့သိန်း က Polytechnic University နှင့် စပ်လျဉ်းသည့် သဘောသဘာဝနှင့် ဖြစ်ပေါ်လာမည့်အားသာချက် များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြ သော ဒုတိယပါမောက္ခချုပ်၊  ဌာနမှူးများ၊  ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘ များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Polytechnic   University တွင်   ထည့်သွင်းတိုးချဲ့ တည်ဆောက်မည့် ကျောင်းသား ကျောင်းသူအဆောင်၊ Recreation Centre ၊ ဒုတိယပါမောက္ခချုပ်အိမ်ရာ၊ အရာရှိအိမ်ရာများနှင့် ဆရာ/ဆရာမအိမ်ရာတို့၏ ဒီဇိုင်းပုံစံများကိုကြည့်ရှုပြီး အနာဂတ်ဖြစ်ပေါ်လာမည့် လိုအပ်ချက်များနှင့်အညီ    တင်ပြဆောင်ရွက်ရန်  မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်းများ၊  စာကြည့်တိုက်၊   အလုပ်ရုံများ၊ အားကစားရုံ၊ အားကစားကွင်းများနှင့် တက္ကသိုလ် ဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်း မွန်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် အစိုးရနည်းပညာအထက်တန်းကျောင်း (မြိတ်) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ စာတွေ့သာမက လက်တွေ့ လုပ်ငန်းခွင် အသုံးချနိုင်သည့် သင်ကြားသင်ယူမှုများ ကို ဆောင်ရွက်ရန်၊ ဒေသနှင့်ကိုက်ညီသောသင်တန်း များဖွင့်လှစ်နိုင်ရေး  ဒေသတွင်းလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဖွင့်လှစ်ဆောင်ရွက်သွားရန်၊ ကျောင်းသားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး ဆောင်ရွက်ရန်မှာကြား၍ စာသင်ခန်းများ၊ လက်တွေ့ ခန်းများ၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံ များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင်  ပြည်ထောင်စုဝန်ကြီးသည်  ယမန်နေ့  မွန်းလွဲပိုင်းက  ကွန်ပျူတာတက္ကသိုလ်(မြိတ်) အစည်း အဝေးခန်းမ၌ ကျင်းပသော နိုင်ငံတကာ Polytechnic University များအကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်   နည်းပညာဦးစီးဌာန   ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေခြည်လဲ့လဲ့သိန်း က  Polytechnic   University နှင့်   စပ်လျဉ်းသည့် သဘောသဘာဝနှင့် ဖြစ်ပေါ်လာမည့် အားသာချက် များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြ သော ဒုတိယပါမောက္ခချုပ်၊  ဌာနမှူးများ၊   ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘ များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊   ကျောင်းသား    ကျောင်းသူများနှင့် အတူတကွ လက်ဖက်ရည်သုံးဆောင်ကြပြီး ဌာနခန်း များ၊ စာသင်ခန်းများ၊ Lab ခန်းများ၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်းနှင့် တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်း သာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်