ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်နှင့်ပညာရေးဒီဂရီကောလိပ်များသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော်   ဇွန်   ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ    ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၌ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ    အေးချမ်းစွာ ပညာ          သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ ပြည်ထောင်စုဝန်ကြီး သည်     ချမ်းမြသာစည်မြို့နယ် အမှတ်  (၃၀)      အခြေခံပညာ အထက်တန်းကျောင်း၊  ချမ်းအေး သာစံမြို့နယ် အမှတ် (၂၇) အခြေခံ ပညာ    အထက်တန်းကျောင်း (ခွဲ)နှင့်    အမှတ်  (၅)     အခြေခံ ပညာ အထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး      ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ နှင့်    ရင်းရင်းနှီးနှီး    တွေ့ဆုံ နှုတ်ဆက်၍             ကျောင်းသား ကျောင်းသူများ          အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနေမှု ကို လှည့်လည်ကြည့်ရှုသည်။
လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
ထိုသို့           ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက   ပညာ သင်ကြားရေးသည် လူတစ်ဦးချင်း အတွက်    မဖြစ်မနေ    အရေးကြီး သော လိုအပ်ချက်ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော      အသိ ပညာ၊  အတတ်ပညာရှင်များဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ဆောင် ရွက်ကြရမည်ဖြစ်၍    ငယ်စဉ် ကတည်းကကြိုးစား၍   လူတော် လူကောင်း အသိပညာရှင်၊ အတတ် ပညာရှင်များ ဖြစ်အောင်ကြိုးစား ကြရန် ပြောကြားပြီး စာသင်ခန်း၊ စာသင်ဆောင်များ၊  ကျောင်းဝင်း အတွင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ဆောင်ရွက် ထားမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍   လိုအပ်သည်များကို ဖြည့်ဆည်း          ဆောင်ရွက်ပေး သည်။
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးသည် ရတနာပုံတက္ကသိုလ် သီရိမင်္ဂလာခန်းမ၌    ပါမောက္ခ ချုပ်၊        ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ (ဌာနမှူး)  များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး လက်တွေ့ ခန်းသုံး၊   သုတေသနသုံး   စက် ပစ္စည်းများကိုလည်း  အကျိုးရှိရှိ ထိရောက်စွာ         အသုံးချစေလို ကြောင်း၊          ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်     တတ်မြောက်စေရုံ မျှမက မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ရှိသော    လူတော်လူကောင်းများ ဖြစ်အောင် လေ့ကျင့်သင်ကြားပေး စေလိုကြောင်း  မှာကြားပြီး   ဌာန အလိုက်   တင်ပြချက်များအပေါ် လိုအပ်သည်များ      ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင်  ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးပညာရေး ဒီဂရီကောလိပ်သို့  သွားရောက်၍ စားရိပ်သာတွင်  ညနေစာစားသုံး နေမှုများကို   သွားရောက်ကြည့်ရှု အားပေးကာ အသိပညာ၊ အတတ် ပညာများနှင့်           ပြည့်စုံသည့် နိုင်ငံသားကောင်းရတနာများကို ပြုစုပျိုးထောင်ပေးသည့်   ဆရာ ဆရာမကောင်းများ ဖြစ်လာစေ ရေး   ကြိုးစားကြစေလိုကြောင်း မှာကြားသည်။
၂၀၂၄-၂၀၂၅    ပညာသင်နှစ် အတွက်     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ    အခြေခံ ပညာကျောင်းများ၊    ကိုယ်ပိုင် ကျောင်းများနှင့်   ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ မေ ၂၃ ရက်မှ ဇွန် ၄ ရက်အထိ အခြေခံ ပညာ ကျောင်းသား ကျောင်းသူ ၆၆၇၂၃၂၉  ဦး လာရောက်အပ်နှံ ပြီးစီးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများလည်း ဆက်လက် ၍ သက်ဆိုင်ရာကျောင်းများထံသို့ လာရောက်ကျောင်းအပ်နှံလျက်ရှိ ကြောင်း သိရသည်။  သတင်းစဉ်