ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် နေပြည်တော်ပုံနှိပ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် နေပြည်တော်ပုံနှိပ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေး

===================================================================================

 

နေပြည်တော် စက်တင်ဘာ ၄

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ တွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ဇေယျာသီရိမြို့နယ်ရှိ နေပြည်တော်ပုံနှိပ်စက်ရုံတို့တွင် လုပ်ငန်းများ ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် တာဝန်ရှိသူများသည် နံနက် ၁၀ နာရီတွင် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့်အတူ Small Studio(II) ၌ စက်တင်ဘာ ၈ ရက် ညပိုင်းမှစတင်၍ ထုတ်လွှင့်ဖော်ပြမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြ မည့် နိုင်ငံရေးပါတီများ၏ ဟောပြောချက်များအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရိုက်ကူးရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် Control Room တို့ကို ကြည့်ရှု စစ်ဆေးပြီး ပါတီအလံနှင့် တံဆိပ်များ ထင်ရှားပေါ်လွင်မှုရှိရေး၊ ရိုက်ကူးရေး တာဝန်ကျဝန်ထမ်းများအားလုံး ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း Swab နမူနာများ ကြိုတင်စစ်ဆေး ဆောင်ရွက်ထားရေးနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်းနှင့် တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းသတင်းရိုက်ကူးသည့် Small Studio (I)၊ ရေဒီယို ဓာတ်ပြားတိုက်၊ ရုပ်မြင်ဌာနခွဲရှိ ဖလင်တိပ်ခွေထိန်းသိမ်း ရေးဌာနစိတ် (Umatic and Betacam) နှင့် ဒစ်ဂျစ်တယ်နည်းဖြင့် မှတ်တမ်းများ ထိန်းသိမ်းသည့်နေရာ၊ သတင်းခန်းများ (News Studio)၊ HD စနစ်ဖြင့် အဆင့်မြှင့် တင်မွမ်းမံထားရှိသည့် ထုတ်လွှင့်ခန်း (Presentation II)၊ MRTV HD ထုတ်လွှင့် ခန်းနှင့် ရွေးကောက်ပွဲအသိပညာပေး လှုံ့ဆော်တေးသီချင်းများရိုက်ကူးနေ သည့် Auditorium ခန်းမတို့တွင် လုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ နေပြည်တော်ပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

 

သတင်းစဉ်