ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးသို့ တက်ရောက်

 

 

 

ရန်ကုန် ဩဂုတ် ၂၈

 

 

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်(၂၂၈)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်း၌ ကျင်းပသည့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းနိုင်ရေး အစည်း အဝေးသို့ တက်ရောက်သည်။

 

 

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာ၌ ယခင်နှစ်ပတ်ခန့်က ကျင်းပခဲ့ သည့် အစည်းအဝေးတွင် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပါကြောင်း၊ ယခုအခါ ဒစ်ဂျစ်တယ်မီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ယင်း လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေ သူများလည်း   များပြားလာခဲ့ပါကြောင်း၊ ဆိုရှယ်မီဒီယာ အပါအဝင် ဒစ်ဂျစ်တယ် မီဒီယာအသုံးပြုမှု များပြားနေသည့် အချိန်တွင်  ဒစ်ဂျစ်တယ်မီဒီယာနှင့် ပတ်သက်သည့် အသင်းအဖွဲ့တစ်ခု ရှိပါက ပိုမိုသင့်လျော်မည်ဖြစ် ပါကြောင်း။

 

 

ကျွမ်းကျင်တတ်သိရန်လို

 

ယခု အစည်းအဝေးသို့ တက်ရောက်လာကြသူများမှာ ဒစ်ဂျစ် တယ်မီဒီယာနှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်များဖြစ်၍ ဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်ဆောင်ရွက် သင့်သည်ဟု ထင်မြင်ပါကြောင်း၊ ဆက်လက်၍  အခြားပါဝင်သင့်၊ ပါဝင် ထိုက်သူများလည်း ပါဝင်လာစေရန် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ပေးကြ ရန်လိုအပ်ကြောင်း၊ယနေ့ ဒစ်ဂျစ်တယ် မီဒီယာသည် အစဉ်အလာ မီဒီယာများ ထက် ပိုမို လွှမ်းမိုးကျယ်ပြန့်လျက်ရှိ ကြောင်း၊ ပျံ့နှံ့မှုများပြားသကဲ့သို့ စီးပွားရေးအရလည်း ကြီးထွားလာနေ သည်ကို အားလုံးတွေ့မြင်ရမည်ဖြစ် ကြောင်း၊ ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြုမှုသည် သတင်းကိစ္စအတွက် သာမကဘဲ ဖျော်ဖြေမှုများ၊ အွန်လိုင်း ရောင်းဝယ်မှုများအပြင် အခြား ကဏ္ဍရပ် အများအပြား ပါဝင်နေ ကြောင်း၊ အဆိုပါ ကဏ္ဍများတွင် ကျွမ်းကျင်တတ်သိရန် လိုအပ်သကဲ့သို့ မူပိုင်ခွင့်ကိစ္စအပါအဝင် ပြဿနာများ ကိုလည်း ဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း။

 

 

ဒစ်ဂျစ်တယ် မီဒီယာဆိုင်ရာ နည်းပညာသစ်အသုံးပြုသည့် လုပ်ငန်း များကို နားလည်တတ်ကျွမ်းအောင် လေ့ကျင့်ပျိုးထောင်မှုများ ပြုလုပ်ရန် နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့် ဆက်သွယ်လုပ်ကိုင် ရာတွင် ရသင့်ရထိုက်သည်များ ပြည့်ပြည့်ဝဝ ရရှိစေရန်အတွက် စုစည်းမှုအင်အားဖြင့် ဆောင်ရွက်နိုင် မည့် အဖွဲ့အစည်းတစ်ရပ် လိုအပ် ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာ အသင်းကြီး ပေါ်ပေါက်လာရေးအတွက် ဝိုင်းဝန်း ဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

 

ရှင်းလင်းတင်ပြ

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာ အသင်း ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်ကို ရှင်းလင်းတင်ပြ သည်။

 

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် 7 Day Media မှ ဦးသောင်းစုငြိမ်း၊ Yangon TV မှ ဦးကိုကို (ကိုကို-စက်မှု တက္ကသိုလ်)၊ ပေါ်ပြူလာသတင်း အေဂျင်စီမှ ဒေါ်နန်းကလျာဝင်း၊ The Voice မှ ဦးကျော်မင်းဆွေ၊ Global Innovation Media မှ ဦးမင်းဆွေလှိုင်၊ Cytron Computer မှ ဦးသိန်းထွန်းဖေ၊ We Media မှ ဦးလင်းထက်ကို၊ Myanmar Celebrity မှ ဦးအောင်မျိုး မြင့်၊ DVB မှ ဦးခင်မောင်စိုး၊ One News မှ ဦးမိုးအေး၊ အကုန်သိသတင်း အေဂျင်စီမှ ဦးကျော်မျိုးမင်း၊ ကမာရွတ် မီဒီယာမှ ဦးဟံသာငြိမ်း၊ ဝန်ဇင်း Application မှ ဦးဝင်းလှိုင်ဦး၊ စံတော် ချိန်သတင်းဌာနမှ ဦးကိုကိုလေး၊ Cele Gabar မှ ဦးသက်ဖြိုးအောင်၊ The Myanmar Times မှ ဦးကျော်စိုးထက် တို့က ပြောင်းလဲလာသည့် နည်းပညာ များနှင့်အညီ  ဒစ်ဂျစ်တယ်မီဒီယာ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေ ရန်၊ ဒစ်ဂျစ်တယ်မီဒီယာ အသုံးပြု သူများ၏ အကျိုးစီးပွားကို ကာကွယ် မြှင့်တင်ဆောင်ရွက်နိုင်ရန်၊  ဒစ်ဂျစ် တယ်မီဒီယာကို ကျင့်ဝတ်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ် တကျ အသုံးပြုနိုင်ရန်နှင့် လိုအပ်သည့် အသိပညာပေးမှုများ၊ နည်းပညာမျှဝေ ပေးမှုများကို စီမံဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာ အသင်း ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရန် ကိစ္စများကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြသည်။

 

 

အစည်းအဝေးသို့ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြန်မာရေးရာ လေ့လာရေးအဖွဲ့မှ ဦးအေးမောင်ကျော်(အေးမောင်ကျော်)နှင့် ဦးသန်းအုန်း (မောင်ဇေယျာ) တို့ လည်း တက်ရောက်ကြသည်။

 

 

ယင်းအစည်းအဝေးမှ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ် မြောက်ရေးကော်မတီကို ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးကျော် မျိုးမင်း၊  တွဲဖက်အတွင်းရေးမှူး(၂) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်၊ အစည်းအဝေး တက်ရောက် လာကြသူပေါင်း ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အသင်း ပေါ်ပေါက်လာရေးအတွက် လုပ်ငန်း ကာလ (၆) လ သတ်မှတ်ကာ ကော်မတီ၏ ရုံးခန်းကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ အမှတ် (၂၂/၂၄)ရှိ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဆောက်အအုံ၏ ဒုတိယထပ်တွင် ယာယီဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

 

လှည့်လည် ကြည့်ရှုစစ်ဆေး

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း၊ အမှတ် (၃၇၉/၃၈၃)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနပိုင် ရုံးအဆောက်အအုံနှင့် သိမ်ဖြူလမ်း အမှတ်(၂၁၂)ရှိ သတင်း နှင့်စာနယ်ဇင်းလုပ်ငန်း ရုံးချုပ် အဆောက်အအုံများတွင် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

 

ဆွေးနွေးခဲ့

 

ထို့နောက် ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည့် Forever Group အမှုဆောင် အရာရှိချုပ် ဦးဝင်းမော်နှင့် တာဝန်ရှိသူများက ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယဒေသ တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် စိမ်းလန်းစိုပြည်ရေးကို အခြေခံ၍ ရုပ်မြင်သံကြား ရိုက်ကူး ထုတ်လွှင့်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် စတူဒီယိုများ ပါဝင်သည့် အခြေခံအဆောက်အအုံ များ တည်ဆောက်နိုင်ရန် ဆောင်ရွက်မှု အခြေအနေတင်ပြခြင်း အစီအစဉ်သို့လည်း တက်ရောက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ကူညီ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်