
နေပြည်တော် အောက်တိုဘာ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်သည် ဥရောပသမဂ္ဂမှ ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူ Mr. Saphy Gilles နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် Virtual Meeting စနစ်ဖြင့် လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥရောပသမဂ္ဂမှ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ များက လာမည့် ရွေးကောက်ပွဲအတွက် နိုင်ငံပိုင်မီဒီယာများ၏ လုပ်ဆောင် ချက်များ၊ ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ၏ အခြေ အနေ၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံး မှုကာလအတွင်း နိုင်ငံပိုင်မီဒီယာများ တွင် ဖော်ပြခဲ့မှု၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှု၊ ရွေးကောက်ပွဲရလဒ် များကို နိုင်ငံပိုင်မီဒီယာများက ဖော်ပြ နိုင်မည့်အခြေအနေ၊ သတင်းတု၊ သတင်းမှားများ တိုက်ဖျက်ရေး တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက် ထားရှိမှုများနှင့် စပ်လျဉ်း၍ မေးမြန်း ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံ၏ လာမည့်ရွေးကောက် ပွဲနှင့်ပတ်သက်၍ ဥရောပသမဂ္ဂမှ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ များ၏ အမြင်များနှင့် အကြံပြုချက် များကို ပြန်လည်မေးမြန်းရာ ၎င်း တို့က ပြန်လည်ရှင်းလင်းဖြေကြား ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဥရောပသမဂ္ဂ မှ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ (Senior Electroal Expert) Mr.Saphy Gilles နှင့်အတူ သံရုံးယာယီအကြီး အကဲ Dr. Johann Hesse ၊ Head of Political, Press and Information Section & Minister Counsellor, Mr. Frederic Maduraud၊ Senior Elec-tions, Governance and Peace-building Consultant, Mr. Lidauer Michael၊ Electoral and Legal Expert, Ms. Ramos- Alves Cristina နှင့် Media Professional Ms. Lase Inta တို့လည်း တက်ရောက်ပြီး ဆွေးနွေးမေးမြန်းခဲ့ကြသည်။
သတင်းစဉ်