
နေပြည်တော် ဇွန် ၂၈
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ် နန်းချန်းမြို့တွင် ဇွန် ၂၆ ရက် ညနေပိုင်းက ကျင်းပသည့်ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအဖွဲ့ ဝင်များ၏ ကျန်းမာရေးဝန်ကြီး များအဆင့် အစည်းအဝေးသို့ တက်ရောက်ပြီး ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ ညီလာခံဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့ သည်။
ဇွန် ၂၇ ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ်အုပ်ချုပ်ရေးမှူး နှင့် ကျန်းရှီးပြည်နယ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယအတွင်းရေးမှူး Ye Jian-chun တို့က ညီလာခံကို ဖွင့်လှစ် ပေးကြပြီး ကျန်းရှီးပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌနှင့် ကျန်းရှီး ပြည်နယ် ကော်မတီအတွင်းရေး မှူး Yin Hong က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ယနေ့ညီလာခံတွင် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအဖွဲ့ ၏အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူ နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံ များ၏ တိုင်းရင်းဆေးနယ်ပယ် မှ တိုင်းရင်းဆေးပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေး အဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား တိုင်းရင်း ဆေးနှင့်ပတ်သက်၍ ဘက်စုံကဏ္ဍ စုံမှ စဉ်းစားသုံးသပ်မှုများ လုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ကြောင်း၊ အထူးသဖြင့် သိပ္ပံနည်းကျ သုတေသနတွင် ရင်းနှီးမြှုပ်နှံပြီး ခေတ်မီနည်းပညာများ အသုံးပြု ခြင်းဖြင့် တိုင်းရင်းဆေးဝါးများ၏ အရည်အသွေး၊ ထိရောက်မှု၊ ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် သုံးစွဲ နိုင်မှုတို့ကို မြှင့်တင်နိုင်မည်ဖြစ် ကြောင်း၊ တိုင်းရင်းဆေးပညာ၏ မူပိုင်ခွင့်ဆိုင်ရာ စံသတ်မှတ်ခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်း၊ ယနေ့ ကျင်းပ ပြုလုပ်သော ညီလာခံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေး ဖက်နိုင်ငံများအကြား တိုင်းရင်း ဆေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် အပြန်အလှန် နားလည်ယုံကြည်မှု၊ တီထွင် ဆန်းသစ်မှုများဖြင့် ပိုမိုပူးပေါင်း ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြား သည်။
ထို့အတူ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ် နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ပါကစ္စတန် နိုင်ငံ၊ မောလ်ဒိုက်နိုင်ငံ၊ မွန်ဂို လီးယားနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်၊ ကျန်းမာရေး ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာအဖွဲ့ ၏ ဒုတိယအတွင်းရေးမှူးချုပ်တို့ ကလည်း အမှာစကားပြောကြား ခဲ့ကြသည်။
ညီလာခံသို့ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ၊ လေ့လာသူနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေး ပညာရှင်များ၊ ဆေးဝါးကွပ်ကဲရေး အဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရ သည်။ သတင်းစဉ်