ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၇)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်ဆွေးနွေး

နေပြည်တော် ဇွန် ၁၁
ကျန်းမာရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည်    ရုရှားဖက် ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ ၌   ကျင်းပသည့်    (၂၇) ကြိမ် မြောက်   နိုင်ငံတကာစီးပွားရေး ဖိုရမ်တက်ရောက်နေစဉ်အတွင်း ဇွန် ၇ ရက် နံနက်ပိုင်းက ကျင်းပ သည့်  ကျန်းမာရေးနှင့်  လူနေမှု ဘဝ   ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့      တက်ရောက် ဆွေးနွေးသည်။ 
အဆိုပါ    ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာ ရေးဆိုင်ရာ စီးပွားရေးဘာသာရပ် ၏ အရေးပါမှု၊ ကျန်းမာရေးကဏ္ဍ အတွက် စွမ်းအားအရင်းအမြစ်များ ခွဲဝေချထားခြင်း၏  အရေးကြီးမှု၊ ကျန်းမာရေးမူဝါဒများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ ကုန်ကျစရိတ်နှင့်   အကျိုးရလဒ် အား      ဆန်းစစ်သုံးသပ်နိုင်မှု၊ နည်းပညာအသုံးပြု၍   ကျန်းမာ ရေးနှင့်   လူမှုဘဝအရည်အသွေး မြှင့်တင်ရေးကိစ္စရပ်များ၊ ပြောင်းလဲ လျက်ရှိသော စီးပွားရေးကဏ္ဍနှင့် အတူ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ခြင်းဆိုင်ရာ ကောင်းမွန်ထိရောက် သော အလေ့အကျင့်ကောင်းများ၊ ပြည်သူလူထု၏   ကျန်းမာရေး တိုးတက်ကောင်းမွန်ရန် ကာကွယ် ဆေးထိုးနှံခြင်း၊ ကျန်းမာရေးအသိ ပညာပေးခြင်း၊  ကျန်းမာသော လူနေမှုဘဝရရှိစေခြင်း    အစရှိ သည့်လုပ်ငန်းများ    ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ပါဝင်ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ  ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး Dr. Mikhail Murashko  နှင့်   နိုင်ငံ တကာမှ   ပညာရှင်    ကိုးဦးတို့က Speaker များအဖြစ် တက်ရောက် ဆွေးနွေးကြသည်။ 
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ   ကျန်းမာရေးဝန်ကြီး   Dr. Mikhail Murashko နှင့် ကိုယ်စား လှယ်အဖွဲ့အား Conference Hall G 1.24 ခန်းမ၌ တွေ့ဆုံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု   မူဘောင် ရေးဆွဲနိုင်ရေးကိစ္စရပ်များ၊ မိခင် နှင့်ကလေး       ကျန်းမာရေး စောင့်ရှောက်မှု၊ အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက်မှုများ အပါအဝင် နှစ်နိုင်ငံ     ဆေးဘက်ဆိုင်ရာ သင်ကြားရေး ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ၊     ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ   ထုတ်လုပ် သည့်  ကင်ဆာရောဂါကုသမှုနှင့် အခြားရောဂါများ ကုသမှုဆိုင်ရာခေတ်မီဆေးဝါးများနှင့် ဆေးဘက် ဆိုင်ရာပစ္စည်းများ   တင်သွင်း၊ ဖြန့်ချိ၊ ထုတ်လုပ်နိုင်ရေးကိစ္စရပ် များ၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးအဆင့်မြှင့်တင်ရေးနှင့်   ကင်ဆာ ရောဂါကုသမှု ပူးပေါင်းဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊   ဆေးဘက် ဆိုင်ရာပညာရှင်များ အပြန်အလှန် အတွေ့အကြုံ     ဖလှယ်ရေးနှင့် ဆေးဘက်ဆိုင်ရာ    ညီလာခံ၊ သင်တန်းများ၊ အစည်းအဝေးများ သို့ ဖိတ်ကြားနိုင်ရေးကိစ္စရပ်များ ကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြ ပြီး အမှတ်တရလက်ဆောင်ပစ္စည်း များ   အပြန်အလှန်    ပေးအပ်ကြ သည်။ 
ဇွန်  ၈  ရက်    မနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့ သည် စိန့်ပီတာစဘတ်မြို့ Napa-lkov Cancer Center သို့ ရောက်ရှိ ၍ စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့၊ Napalkov  Cancer   Center  မှ တာဝန်ရှိသူများနှင့်    နှစ်နိုင်ငံ ကင်ဆာရောဂါ     ဆေးကုသမှု ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း များကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့်  ဆေးဘက် ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်မှု အရ မြန်မာနိုင်ငံမှ   ရောက်ရှိနေ သည့် ကင်ဆာလူနာ မောင်စိုးမင်း သန့်ကို    သွားရောက်ကြည့်ရှု အားပေးစကား    ပြောကြားပြီး ထောက်ပံ့ငွေနှင့် အစားအသောက် များ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်   Federal   State Budgetary Institute  Granov Russian Scientific Center  of Radiology and Surgical Tech-nologies  နှင့်  Federal State Budgetary Institute Nikiforov Russian Center for Emergency and Radiation Medicine သို့ သွားရောက်ကြည့်ရှု   လေ့လာရာ တာဝန်ရှိသူများက    အဏုမြူ ရောင်ခြည်ဖြင့်   ခေတ်မီကင်ဆာ ရောဂါ    ဆေးကုသမှုလုပ်ငန်း ဆောင်ရွက်နေမှု၊ ဓာတ်ရောင်ခြည် စက်ကိရိယာအသုံးပြုမှု၊ အဏုမြူ ရောင်ခြည်  ဆေးဝါးထုတ်လုပ်မှု၊ ဓာတ်ရောင်ခြည်ဘေးသင့်လူနာ များ    အရေးပေါ်ဆေးကုသမှု လုပ်ငန်းများနှင့် ပြန်လည်သန်စွမ်း ရေးဆေးပညာရပ်ဆိုင်ရာလုပ်ငန်း များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းပြသကြ သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Polysan နှင့် Pharmasyntez ဆေးဝါးထုတ်လုပ်ရေး   လုပ်ငန်း များသို့   သွားရောက်၍    ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ   ထုတ်လုပ် သည့်   ကင်ဆာရောဂါ   ကုသမှု ဆေးဝါးများ၊ အခြားခေတ်မီအရည် အသွေးပြည့်ဝသော  ဆေးဝါးများ မြန်မာနိုင်ငံသို့  တင်သွင်း၊  ဖြန့်ချိ၊ ထုတ်လုပ်နိုင်ရေး    နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေး လေ့လာခဲ့ကြောင်း   သတင်းရရှိ သည်။
သတင်းစဉ်