
နေပြည်တော် ဩဂုတ် ၂၃
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့ နံနက် ၈ နာရီက သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် သန်လျင်နှင့် ကျောက်တန်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၊ ကုန်သည်များ၊ ပွဲစားများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် ကိုဗစ်-၁၉ ကြောင့် စားနပ်ရိက္ခာပြတ်လပ် မှုကို မလွှဲမသွေကြုံတွေ့ရမည်ဖြစ်သည့်အတွက် မြန်မာ နိုင်ငံအနေဖြင့် အနာဂတ်တွင် စားနပ်ရိက္ခာထုတ်လုပ် သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်မည်ဆိုပါက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်နိုင် မည်ဖြစ်ရာ စပါး၊ ပဲ၊ ပြောင်းအပါအဝင် လယ်ယာထွက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများတွင် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူ များအနေဖြင့် ရေမြေရာသီဥတုအားသာချက်ကို အမိအရ ဆုပ်ကိုင်၍ လယ်ယာထုတ်ကုန်များ တိုးတက်ထုတ်လုပ် ကြစေရန်နှင့် လိုအပ်သည့်နည်းပညာနှင့် ဈေးကွက် ရရှိရေးအတွက်လည်း သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့် ပေါင်းစပ်ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကျောက်တန်းမြို့နယ် သီလဝါရှိ Wilmar Myanmar Group ၏ ဆန်စပါး၊ ဂျုံနှင့် ဆီ ထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်စစ်ဆေးရာ စက်ရုံတွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ Wilmar Myanmar Group Director ဦးမောင်ကျေးနှင့် တာဝန် ရှိသူများက စက်ရုံဝင်းအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်အရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံတကာဆိပ်ကမ်းတည်ဆောက် မှု၊ စပါးတန် ၅၂၀၀၀ သိုလှောင်နိုင်သည့် ဆိုင်လိုများ တည်ဆောက်ထားရှိမှုအခြေအနေ၊ တစ်ရက်တန် ၃၀၀ ကျ စပါးပေါင်းစက်ရုံများ အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေနှင့် တစ်ရက်တန် ၄၀၀ ဖွဲနုဆီစက်နှင့် တစ်ရက်(၈) မီဂါဝပ်စပါးခွံသုံး လျှပ်စစ်ဓာတ်အားထုတ် စက်များ တည်ဆောက်မှုအစီအစဉ်၊ တန် ၅၂၀၀၀ ကျ ဂျုံစက်တည်ဆောက်မည့်အစီအစဉ်နှင့် လက်ရှိလုပ်ငန်း များတွင် လည်ပတ်နေသည့် စားသုံးဆီများ၊ Consumer Pack ဖြင့် ထည့်သွင်းဖြန့်ဖြူးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက Wilmar Myanmar Ltd အနေဖြင့် သီလဝါဒေသအတွင်း လယ်ယာထုတ်ကုန်အခြေပြု ကုန်ထုတ်လုပ်ငန်းများ ကို ပြည်တွင်းလုပ်ငန်းရှင်အချို့နှင့် အကျိုးတူပူးပေါင်း ၍ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ယခုလိုရင်းနှီးမြှုပ်နှံမှုများ တိုးတက်ပြောင်းလဲလာပါက စပါးစိုက်တောင်သူများအတွက် များစွာအကျိုးရှိနိုင်မည် ဖြစ်သလို လုပ်ငန်းရှင်များကလည်း နမူနာယူစရာ နည်းပညာများရရှိနိုင်မည်ဖြစ်၍ နိုင်ငံတော်မှ သတ်မှတ် ချက်များနှင့်အညီ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားသည်။
ညှိနှိုင်းဆောင်ရွက်
ဆက်လက်၍ ကျောက်တန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျောက်တန်းမြို့နယ်ရှိ ဒေသခံပြည်သူများ၊ စက်ပိုင်၊ ကုန်သည်ပွဲစား၊ တောင်သူ များနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာမှု များအပေါ် နိုင်ငံတော်မှ စီစဉ်ပေးနေမှုအခြေအနေများ၊ ပြည်သူများက ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ချက်များ နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် သင့်သည့် အလားအလာများအပေါ် အမှာစကား ပြောကြားပြီး ဒေသခံများ၏ မေးမြန်းမှုများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာ ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှု အရ ဆောင်ရွက်လျက်ရှိသော တောင်သူ ဦးသိန်းဝင်း၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၏ စိုက်ပျိုးထုတ်လုပ်အောင် မြင်မှုများအား ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ ၏ တင်ပြချက်များအပေါ် ရှင်းလင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်