ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာဆီယံလူငယ်ခေါင်းဆောင်များညီလာခံသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အာဆီယံလူငယ်ခေါင်းဆောင်များညီလာခံသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်

==========================================================================

 

နေပြည်တော် နိုဝင်ဘာ ၃

 

လူငယ်ခေါင်းဆောင်များဆိုင်ရာ အာဆီယံဝန်ကြီးများ အဆင့်ညီလာခံကို ယနေ့မွန်းလွဲပိုင်းက အာဆီယံအလှည့် ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် ဗီယက်နမ်နိုင်ငံက ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အဆိုပါ ညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်၊ အာဆီယံနိုင်ငံအသီးသီးမှ လူငယ်များ၏အရေး ကိစ္စကိုဆောင်ရွက်လျက်ရှိသော ဝန်ကြီးများနှင့်အတူ ပါဝင် တက်ရောက်ခဲ့သည်။

 

ညီလာခံ၌ ဗီယက်နမ်နိုင်ငံ လူငယ်ရေးရာဆိုင်ရာ အဖွဲ့ ချုပ်ဥက္ကဋ္ဌနှင့် ဝန်ကြီး Mr. Nguyen Anh Tuan နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi တို့က အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး အာဆီယံနိုင်ငံအသီးသီးမှ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အမှာစကားပြောကြား ကြသည်။

 

မိတ်ဆက်ဖြန့်ချိခဲ့

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေမှုများကို ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် လူငယ် များဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် မိမိတို့ အစိုးရတက်ရောက်လာသည့် ၂၀၁၆ ခုနှစ်မှစတင်၍ လူငယ် ရေးရာမူဝါဒရေးဆွဲရေးကို ဦးစားပေးအနေဖြင့် စတင်ဆောင် ရွက်ခဲ့ကြောင်း၊ လူငယ်ရေးရာမူဝါဒကို လူငယ်ကိုယ်စား လှယ်များ၏ အဓိကပါဝင်မှုဖြင့် ရေးဆွဲခဲ့ကြရာ ၂၀၁၇ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည် ပြုနိုင်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် မိတ်ဆက်ဖြန့်ချိပေးခဲ့ပြီး လူငယ်များနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏အလေးအနက် ထားမှုကို ပြသခဲ့ပါကြောင်း၊ အဆိုပါမူဝါဒကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မဟာ ဗျူဟာစီမံချက်ကို ရေးဆွဲအတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ လူငယ်များသည် ကိုဗစ် - ၁၉ ကပ်ရောဂါ ဆိုင်ရာလုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက် လျက်ရှိကြပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များ အပါအဝင် စေတနာ့ဝန်ထမ်းများ၏ ဆောင်ရွက်မှုများကို အားပေးကူညီနိုင်ရန်နှင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင် အဖွဲ့ကို ဖွဲ့စည်း၍ စေတနာ့ဝန်ထမ်းများအတွက် ကူညီပံ့ပိုး မှုများ၊ လိုအပ်သောသင်တန်းများ၊ လက်စွဲစာအုပ်များအပြင် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးစသည့် အနာဂတ်အတွက် အရေးပါသည့်လုပ်ငန်းစဉ်များတွင် လူငယ်များစိတ်ဝင်တစား ပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စိန်ခေါ်မှုများရင်ဆိုင်နေကြရာ တီထွင် ဖန်တီးမှုများ၊ ဆန်းသစ်သောအကြံဉာဏ်များနှင့် နည်းပညာ အပေါ် မှီခိုအားထားရမှုများ ပိုမိုလိုအပ်လာရာ လူငယ်များ၏ အခန်းကဏ္ဍမှာ ပိုမို၍ အရေးပါလာပါကြောင်း။

 

မြန်မာနိုင်ငံတွင် ဒေသအသီးသီး၌ လူငယ်ကွန်ရက် များဖွဲ့စည်းထားပြီးဖြစ်ရာ မြန်မာလူငယ်များအနေဖြင့် အာဆီယံနိုင်ငံအသီးသီးမှ လူငယ်များနှင့် ကူးလူး ဆက်သွယ်၍ ဒေသအရေး၊ အာဆီယံအရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ရန် အသင့်ရှိနေကြပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံအသင်း (မြန်မာ)ကို ၂၀၁၉ ခုနှစ်က ဖွဲ့စည်းထားပြီး ယင်းအသင်းတွင် လူငယ်ကိုယ်စားလှယ် နှစ်ဦးက အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံလူငယ်ဆိုင်ရာ အတွေ့အကြုံဖလှယ်ပွဲများ၊ စွန့်ဦးတီထွင်မှု အစီအစဉ်များ နှင့် ပြပွဲများကို အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူငယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်၍ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်သလို အာဆီယံလူငယ်ကွန်ရက်များ ပိုမိုအား ကောင်းစွာ ဆောင်ရွက်နိုင်ရေးကိုလည်း အားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ညီလာခံကိုဆက်လက်ကျင်းပခဲ့ပြီး အာဆီယံ နိုင်ငံများမှ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ အာဆီယံလူငယ်ရေးရာဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို အတည်ပြုပြဋ္ဌာန်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်