
နေပြည်တော် ဩဂုတ် ၂၃
အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်အရ ထိခိုက်လွယ်အုပ်စုများအား ငွေကြေး အကူအညီပေးခြင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် ထောက်ပံ့ ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်နှင့် ကျောက် တံခါးမြို့နယ်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန် ရေး ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်သည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်ဇင်၊ တိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ညွှန်ကြား ရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ကျောက်တံခါးမြို့နယ် စီမံ ကိန်းဦးစီးရုံး အစည်းအဝေးခန်းမ၌ မသန်စွမ်းသူများ၊ ရပ်မိရပ်ဖများ၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံသည်။
အလေးထားဆောင်ရွက်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုသက်သာရေး အစီအစဉ်အရ သက်ကြီးရွယ်အိုများ၊ မသန်စွမ်း သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ ထောက်ပံ့ခြင်းကို မိမိတို့ ဝန်ကြီး ဌာနက တာဝန်ယူ၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ မပြီးသေးသည့် အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းများကို အစိုးရက အလေးထား ဆောင်ရွက် လျက်ရှိကြောင်း၊ အစိုးရ၏ ညွှန်ကြား ချက်များ၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို ဂရုတစိုက် အလေးထားလိုက်နာကြရန် လိုအပ် ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ကို ပုံမှန်ထောက်ပံ့ ပေးပါကြောင်း၊ မသန်စွမ်းသူများ အတွက်လည်း ကနဦး တစ်ကြိမ် ထောက်ပံ့ပြီးဖြစ်ကြောင်း။
ပူးပေါင်းပါဝင်ပေးကြရန်
ယခုအခါ CERP အစီအစဉ်အရ အသက် (၈၀) နှင့် အထက် (၈၅)နှစ် အောက် ဘိုးဘွားများအား တစ်ကြိမ် ထောက်ပံ့မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ထပ်မံရရှိသော စာရင်းများအရ မသန်စွမ်းသူများအား တစ်ကြိမ်ထောက်ပံ့မည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားသော အသက်(၂) နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့ခြင်းကို ပြည်နယ်နှင့် တိုင်း ဒေသကြီး ခုနစ်ခုတွင် ဆောင်ရွက် လျက်ရှိရာ ထိုအစီအစဉ်တွင် အကျုံး မဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များ အတွက် "ငွေဗိုက်" အက်ပလီကေးရှင်း ဖြင့် စာရင်းကောက်ယူပြီး ထောက်ပံ့မှု တစ်ကြိမ်ပေးမည် ဖြစ်ကြောင်း၊ လူသားစွမ်းရည်အရင်း အမြစ်ကောင်း များ ပေါ်ထွက်လာရေး ရည်ရွယ်၍ ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဖြင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုစီမံ ချက်အရ ညောင်လေးပင်မြို့နယ် နှင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ အသက်(၃)နှစ်အောက် ကလေးငယ် များ ပုံမှန်ဖွံ့ဖြိုးမှု ရှိ၊ မရှိ ဆန်းစစ် ခြင်းနှင့် မသန်စွမ်းမှု ကြိုတင် ကာကွယ်ခြင်းလုပ်ငန်းကို ဝန်ကြီး ဌာန၏ ဘာသာရပ်ကျွမ်းကျင် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာ အရောက် အဖွဲ့ဖြင့် လိုက်လံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဆန်းစစ်မှုများအရ အချိန်မီပြုစုကုသ ရန်လိုအပ်သော ကလေးငယ်များအား သက်ဆိုင်ရာ ကျန်းမာရေးဌာနများ သို့ ချိတ်ဆက်ညွှန်းပို့ပေးမည် ဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ပေး ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က ကျောက်တံခါးမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၃၂၃ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်း ဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၆၉၀၀၀၀ ၊ ကျောက်တံခါးမြို့နယ် ကျေးရိုးကျေးရွာအုပ်စု သူဌေးကုန်း- ကင်းရွာ-ရမ်းတိုလာ တံတားလမ်း၊ ဂဝံလမ်းခင်းခြင်း ဆောင်ရွက်ရန် အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ငွေကျပ် ၅၆ ဒသမ ၃၉ သန်း၊ ဖြူးစုကျေးရွာ အုပ်စုအတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသော ကျန်စစ်သား-ခလောင်လမ်း ပြုပြင်ရန်အတွက် ငွေကျပ် ၁၀ သိန်း၊ သူဌေးကုန်း - ဟာရီဘန်း ကျေးရွာချင်းဆက်လမ်း ပြုပြင်ရန်အတွက် ငွေကျပ်သိန်း ၅၀ တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများ ထံသို့ ပေးအပ်သည်။
ဆက်လက်၍ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျောက်တံခါးမြို့နယ်နှင့် ညောင်လေး ပင်မြို့နယ်တို့တွင် ဆောင်ရွက်မည့် အသက်သုံးနှစ်အောက် ကလေး များ ပုံမှန်ဖွံ့ဖြိုးမှု ဆန်းစစ်ခြင်းနှင့် မသန်စွမ်းဖြစ်မှု ကြိုတင်ကာကွယ်ရေး စီမံကိန်းအကြောင်းကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ပဲခူး တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကျောက်တံခါးမြို့ မြို့ပေါ်ရပ်ကွက်အတွင်း၌ အသက် (၈၀)နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွားများနေအိမ်သို့ သွားရောက် ၍ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်အရ ဘိုးဘွား ၁၅ ဦးအား တစ်ဦးလျှင် ထောက်ပံ့ ငွေကျပ် သုံးသောင်းကို ဂါရဝပြု ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ညောင်လေးပင် မြို့နယ် ရွှေကျင်နိကာရ တောရ ကျောင်း၊ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြော် ကြည်ညို၍ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးအစီအစဉ်အရ ညောင်လေးပင်မြို့နယ် အတွင်းရှိ မသန်စွမ်းသူ ၁၉၅၆ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၈၆၈၀၀၀၀ တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်ပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ဂါရဝပြုပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ညောင်လေးပင်မြို့ မြို့ပေါ်ရပ်ကွက်အတွင်း၌ အသက် (၈၀)နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများနေအိမ်သို့ သွားရောက် ပြီး ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး အစီအစဉ်အရ ဘိုးဘွား ၁၅ ဦးကို တစ်ဦးလျှင် ထောက်ပံ့ ငွေကျပ် သုံးသောင်းကို ဂါရဝပြု ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်