ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲသို့ လာရောက်သည့် တိုင်းရင်းသားလူငယ်များနှင့် တွေ့ဆုံ

ရန်ကုန်    ဇွန်    ၂၉
အမျိုးသားရေး  တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့်    အညီ တိုင်းရင်းသားများ     အချင်းချင်း စည်းလုံးညီညွတ်မှု   မပြိုကွဲစေဘဲ ပိုမိုခိုင်မြဲစေရန်၊  ချစ်ကြည်ရင်းနှီး ကြစေရန်နှင့်         စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မြဲ စေရန် ရည်ရွယ်၍ တိုင်းရင်းသား ရိုးရာယဉ် ကျေးမှုနှီးနှောဖလှယ်ပွဲ လေ့လာရေးခရီးစဉ်ကို    ရန်ကုန် တိုင်းဒေသကြီး    အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသ ကြီးတွင် ကျင်းပဆောင်ရွက်လျက် ရှိသည်။  
ထိုသို့     တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု     နှီးနှောဖလှယ်ပွဲ လေ့လာရေးခရီးစဉ်တွင် ပါဝင်ကြ မည့်      တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု     အဖွဲ့အစည်းများ၊ လူငယ်မောင်မယ်များနှင့် တွေ့ဆုံ ပွဲကို    ယမန်နေ့    ညနေပိုင်းက ပြည်ထောင်စု     တိုင်းရင်းသား ကျေးရွာ(ရန်ကုန်)၌   ကျင်းပရာ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟို အကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ ဝင်များ၊   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊   ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပဲခူးတိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ    စာပေယဉ်ကျေးမှု အသင်းအဖွဲ့ ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား အနုပညာရှင် လူငယ်မောင်မယ်များ၊ ဖိတ်ကြား ထားသူများနှင့်  အထူးဧည့်သည် တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်    ဦးစောထွန်း အောင်မြင့်က ယနေ့ ကျင်းပသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲသည်    ရန်ကုန် တိုင်းဒေသကြီးအတွင်းသာမက ပဲခူးတိုင်းဒေသကြီး      အတွင်း၌ နေထိုင်သည့်  တိုင်းရင်းသားများ ပါဝင်သည့်အတွက် တိုင်းရင်းသား များအချင်းချင်း   ချစ်ကြည်စည်း လုံးမှုများရရှိလာပြီး တိုင်းရင်းသား ရေးရာကိစ္စရပ်များကို   ကွန်ရက် သဖွယ် ချိတ်ဆက်ဆောင်ရွက်နိုင် မည်ဟု     ယုံကြည်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် မိမိတို့     စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု အမွေအနှစ်များ၊    ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ မပျောက် ပျက်အောင်   ထိန်းသိမ်း  စောင့် ရှောက်ရာတွင် အားလုံးအတူတကွ ပူးပေါင်းပါဝင်ကြရန်   တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် က မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်း  ၁၃၅ မျိုး  စုပေါင်း နေထိုင်ကြသည့်   ပြည်ထောင်စု နိုင်ငံဖြစ်သည်နှင့်အညီ အမျိုးသား ရေးတာဝန်ဖြစ်သည့်     ဒို့တာဝန် အရေးသုံးပါးသည် လွန်စွာအရေး ကြီးသည့်အတွက် တိုင်းရင်းသား များအားလုံးက   စဉ်ဆက်မပြတ် အလေးထား ဝိုင်းဝန်းထိန်းသိမ်း ကြရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း၊ တိုင်းရင်းသားလူမျိုးများ ၏  ဖွံ့ဖြိုးတိုးတက်မှုသည်   နိုင်ငံ တော်၏ ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ပါကြောင်း၊  တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ အနေဖြင့် နိုင်ငံတော်၏ အမျိုးသား ရေး လုပ်ငန်းစဉ် (၂) ရပ်နှင့် နိုင်ငံ ရေးလုပ်ငန်းစဉ်   (၂)   ရပ်တို့ကို ကိုယ်စွမ်းဉာဏ်စွမ်း  တတ်အား သရွေ့  အပြုသဘောစိတ်ဓာတ် ဖြင့်  ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်     လိုပါ ကြောင်း၊  တိုင်းရင်းသားညီအစ်ကို မောင်နှမများ   အားလုံးတို့သည် မိမိတို့၏  စာပေနှင့် ယဉ်ကျေးမှု လုပ်ငန်းကိစ္စရပ်များကို   ပြဋ္ဌာန်း ထားရှိသည့် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆက်လက်ထိန်းသိမ်း မြှင့်တင်နိုင်ကြစေလိုပါကြောင်း၊ စစ်မှန်သော   မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ဖြင့်   အမျိုးသားရေးတာဝန်ဖြစ် သည့်    ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ    တိုင်းရင်းသား ပြည်သူများအားလုံး   မျှော်လင့် တောင့်တနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုကြီး  တည်ဆောက် ရေးလုပ်ငန်းများတွင် မိမိတို့ကျရာ ကဏ္ဍမှ  အားကြိုးမာန်တက်ဖြင့် အစွမ်းကုန်   ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော်   ဆောင် ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။ 
ယင်းနောက်    တိုင်းရင်းသား လူမျိုးများရေးရာ   ဝန်ကြီးဌာန၊ ယဉ်ကျေးမှု     အကအဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့်   ပဲခူး တိုင်းဒေသကြီးအတွင်းရှိ  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊   ရှမ်း   တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု     အကအဖွဲ့များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ လူငယ်မောင်မယ်အကအဖွဲ့များ က တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကများဖြင့် သီဆိုကပြဖျော်ဖြေ ကြပြီး    တိုင်းရင်းသားလူငယ် မောင်မယ်များသည်    တွေ့ဆုံပွဲ သို့    တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများနှင့် အတူ တကွ     “ပြည်ထောင်စုသွေး” သီချင်းဖြင့် စုပေါင်းယိမ်းအကကို သီဆိုဖျော်ဖြေကြသည်။   
ထို့နောက်    ပြည်ထောင်စု ဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု   အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။   သတင်းစဉ်