ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း IUCN ၏ Asia Regional Director, Ms. Aban Marker Kabraji နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

Image not available
 
နေပြည်တော်   မတ်   ၄ 
 
သယံဇာတနှင့်    သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး         ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအုန်းဝင်း သည်  International  Union  for Conservation of Nature (IUCN) ၏ Asia Regional Director, Ms. Aban Marker Kabraji နှင့် အဖွဲ့အား  ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
ဆွေးနွေး
 
တွေ့ဆုံစဉ် IUCN နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် The Restoration Initiative (TRI) Myanmar လုပ်ငန်း စီမံကိန်းအား ချပ်သင်းနှင့် ဇလုံတောင်  သဘာဝထိန်းသိမ်းရေး    နယ်မြေ၊ သဖန်းဆိပ်ဆည်   ရေဝေရေလဲဒေသ များတွင် အကောင်အထည်ဖော်မှုများ၊ ဗန်းမောက်နှင့် ဟုမ္မလင်းမြို့နယ်များရှိ သစ်တောနယ်မြေအတွင်း ရွှေတရား မဝင် တူးဖော်မှုကြောင့် ဖြစ်ပေါ်သည့် ပတ်ဝန်းကျင်ထိခိုက်မှု၊ မြေဆီလွှာနှင့် မြစ်ချောင်း ထိခိုက်ပျက်စီးမှုများအား ကွင်းဆင်းလေ့လာမှုနှင့်  သစ်တော သစ်ပင်  ပြန်လည်စိုက်ပျိုးမည့် အစီ အစဉ်များ၊ တရားမဝင် ရွှေအသေးစား ထုတ်လုပ်သူများ၏  အခြားဝင်ငွေရ လမ်းနှင့်    အသိအမြင်တိုးပွားရေး၊ ပျက်စီးဒေသများ      ပြန်လည် ထိန်းသိမ်းရေးအတွက် TRI Myanmar လုပ်ငန်းစီမံကိန်းအား တိုးချဲ့ဆောင် ရွက်နိုင်မည့် အစီအမံများ၊ ရန်ပုံငွေရရှိ နိုင်မည့်အလားအလာများ၊    သတ္တု တူးဖော်မှုဆိုင်ရာ   ကျွမ်းကျင်ပညာရှင် များဖြင့်  ကွင်းဆင်းဆောင်ရွက်နိုင် မည့် အခြေအနေများ၊ အသုံးမပြုတော့ သည့် သတ္တုတွင်းများ ပိတ်သိမ်းရာတွင် ဆောင်ရွက်ရမည့်  နည်းလမ်းများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ  ပူးပေါင်း ဆောင်ရွက်မည့် သစ်ဆွေးမြေဂေဟ စနစ်  စီမံအုပ်ချုပ်မှုလုပ်ငန်းစီမံကိန်းတွင်  ပါဝင်ဆောင်ရွက်မည့်  အစီအစဉ် များ၊  အင်းလေးကန်ဒေသတွင် ဆောင် ရွက်မည့်လုပ်ငန်းများ၊ အင်းလေးကန် ရေရှည်တည်တံ့ရေး (၁၀)နှစ်စီမံကိန်း နှင့်     ဆက်စပ်ဆောင်ရွက်နိုင်မည့် အလားအလာများ၊ နိုင်ငံများအကြား Sister Lake အစီအစဉ်ဆောင်ရွက် နိုင်မှုများ၊ ကမ်းရိုးတန်းဒေသ ရေရှည် တည်တံ့ရေး၊   ဒီရေတောနှင့်  သန္တာ ကျောက်တန်း ထိန်းသိမ်းရေးဆောင် ရွက်မည့် အစီအစဉ်များနှင့်ပတ်သက် ၍   အမြင်ချင်းဖလှယ်   ဆွေးနွေးကြ ကြောင်း သိရသည်။ 
 
       သတင်းစဉ်