ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း အမေရိကန်ပြည်ထောင်စုအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (DFC) နှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော် အောက်တိုဘာ ၂၇


စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း သည် အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ငွေကြေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Deve-lopment Finance Corporation- DFC) ၏ Chief Executive Officer, Mr. Adam Boehler ဦးဆောင်သော အဖွဲ့နှင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီး ဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ငွေကြေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (DFC) သည် မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့အကြား ဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန် ပံ့ပိုးကူညီပေးသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် Myanmar Sustainable Development Plan (MSDP) အား အကောင်အထည်ဖော်လျက် ရှိပါ ကြောင်း၊ Strategic Development Projects များ အကောင်အထည်ဖော် ရာတွင် ထိရောက်သော Project Im-plementation များဖြစ်စေရန် Pro-ject Bank နှင့် Land Bank များ တည်ထောင်၍ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း အမေရိကန်နှင့် မြန်မာ နိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်ရေးသည် ၂၀၁၁ ခုနှစ်မှစ၍ တိုးမြင့်လာလျက် ရှိနေပါကြောင်းနှင့် အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက မြန်မာ နိုင်ငံရှိ စက်မှုဇုန်နှင့် အထူးစီးပွားရေး ဇုန်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများ၊ export financing နှင့် SME financing တို့တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်ပူးပေါင်း
ယင်းနောက် ဒုတိယဝန်ကြီး ဦးဆက်အောင်က မြန်မာနိုင်ငံ၏ Special Economic Zones များတွင် ရင်းနှီးမြှုပ်နှံနိုင်သည့် အခြေအနေ များ၊ MSDP အကောင်အထည်ဖော် မှုအခြေအနေများနှင့် မြန်မာအစိုးရ အနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက် ရေး (Anti-Money Laundering) ကိစ္စ နှင့် စပ်လျဉ်း၍ ညွှန်ကြားချက်များအား ထုတ်ပြန်ခဲ့ပါကြောင်း၊ Asia Pacific Group (APG) ၏ သဘောထား မှတ်ချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် US Treasury နှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေမှုကြောင့် စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် MSMEs များမှာ များစွာထိခိုက်ပါ ကြောင်း၊ သို့ပါ၍ မြန်မာအစိုးရမှ COVID-19 Economic Relief Plan (CERP) အား ထုတ်ပြန်၍ ပြန်လည် ကုစားရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ MSME များ ပြန်လည်ထူထောင်ရေးတွင် Strategic financing များ လိုအပ်ပါကြောင်း၊ US Export- Import Bank အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း များ ပြန်လည်ထူထောင်ရေးတွင် ပံ့ပိုးပေးစေလိုပါကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် US Treasury, US Export-Import Bank နှင့် DFC တို့မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ အား ရှင်းလင်းတင်ပြ မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ဆယ်စုနှစ်တစ်ခုအထိရှိခဲ့
ယင်းနောက် DFC ၏ Chief Exe-cutive Officer, Mr. Adam Boehler က မြန်မာနိုင်ငံအနေဖြင့် လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲမှ အမြန်ဆုံးကျော်ဖြတ်နိုင်ရန် မျှော်လင့် ပါကြောင်း၊ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ကုန်သွယ်မှုအား ၂၀၁၀ ပြည့်နှစ်မှ စတင်ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုအထိ ရှိခဲ့ပြီဖြစ်ပါ ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် Chubb Life အာမခံလုပ်ငန်းကဲ့သို့ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် အခြားသော စီးပွားရေးလုပ်ငန်းများ ရှိပါကြောင်း၊ စွမ်းအင်ကဏ္ဍနှင့် Cyber Security ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံ လိုသူများရှိပါကြောင်း၊ အထူးစီးပွား ရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များလည်း ရှိပါကြောင်း၊ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူ များ လာရောက် ရင်းနှီးမြှုပ်နှံရေး အတွက် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်