
နေပြည်တော် အောက်တိုဘာ ၂၂
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း သည် Private Sector Growth and Competitiveness Project နှင့် စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ Country Director Ms. Ma-riam Sherman ဦးဆောင်သောအဖွဲ့ နှင့် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေး သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က Private Sector Growth and Competitiveness Project အား အကောင်အထည်ဖော်ရေး ကမ္ဘာ့ဘဏ် ၏ တင်ပြချက်ကို ကြိုဆိုပါကြောင်း၊ လတ်တလောတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် စီးပွား ရေးလုပ်ငန်းများ၊ အထူးသဖြင့် MSMEs များမှာ များစွာထိခိုက်လျက် ရှိပါကြောင်း၊ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေး အတွက် အကောက်ခွန်ဦးစီးဌာနမှ ဆောင်ရွက်နေသည့် National Single Window အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များအား မြှင့်တင်ပေးခြင်း ဖြင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမို လွယ်ကူချောမွေ့စေပြီး ဒေသတွင်း နိုင်ငံများနှင့် ကုန်သွယ်မှု ပိုမိုတိုးတက် လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် MSMEs လုပ်ငန်းများ၏ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများအား မြှင့်တင် ပေးခြင်းနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ထုတ်ကုန်များအား ဈေးကွက်အသစ် များနှင့် ချိတ်ဆက်၍ Supply Chain လျင်မြန်သွက်လက်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည် ထူထောင်မှု လုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့် ပါကြောင်းနှင့် ဆက်လက်ဆွေးနွေး ကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ဘဏ်မှ Senior Economist Mr. Faya Hayati နှင့် Lead Private Sector Specialist Mr. Philippe de Meneval တို့က စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြရာ အကောက်ခွန်လုပ်ငန်း များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆိုင်ရာကိစ္စရပ်များ၊ SMEs လုပ်ငန်း များအတွက် အတွေ့အကြုံနှင့် နည်း ပညာများပံ့ပိုးပေးရေးနှင့် ဈေးကွက် ရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက် မည့်စီမံကိန်းဧရိယာများနှင့် လုပ်ငန်း စဉ်များအတွက် ကမ္ဘာ့ဘဏ်မှ အတိုး နှုန်းသက်သာသောချေးငွေဖြင့် ပံ့ပိုး မည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြ သည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက် ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံ ကိန်းကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါက များစွာ အကျိုးရှိနိုင်မည်ဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးမောင် မောင်ဝင်း၊ ဦးဆက်အောင်နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်နှင့် ဌာန ဆိုင်ရာ အရာရှိကြီးများ၊ ကမ္ဘာ့ဘဏ်မှ Country Director Ms. Mariam Sherman ဦးဆောင်သောအဖွဲ့မှ ပညာ ရှင်နှင့် ကျွမ်းကျင်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်