
နေပြည်တော် အောက်တိုဘာ ၂၂
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌတို့အကြား တွေ့ဆုံသည့် အာဆီယံ- ကုလသမဂ္ဂဝန်ကြီးအဆင့် အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၀ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီး Mr. Pham Binh Minh က အစည်းအဝေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guterres၊ (၇၅)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌ Mr. Volkan Bozkir၊ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊
အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အာဆီယံနှင့်ကုလသမဂ္ဂမှ အဆင့်မြင့် အရာရှိများ ပါဝင်တက်ရောက်ခဲ့ကြ သည်။
အစည်းအဝေးတွင် အာဆီယံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်း ဆောင်ရွက်မှုများကို ပြန်လည် သုံးသပ်ခဲ့ကြပြီး အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီ အစဉ် (၂၀၁၆-၂၀၂၀) အောက်ရှိ လုပ်ငန်းစဉ်များ အပြည့်အဝအကောင် အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အာဆီယံ-ကုလသမဂ္ဂ ဘက်စုံမိတ်ဖက် ဆက်ဆံရေးမြှင့်တင်ရန် အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) ကို အတည်ပြုချမှတ်ခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ၊ အကြမ်းဖက်မှု၊ အစွန်းရောက်ဝါဒနှင့် နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှုများအပါအဝင် ဒေသတွင်း နှင့် နိုင်ငံတကာရေးရာကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။ အလားတူ အစည်းအဝေး တွင် ဒေသတွင်းငြိမ်းချမ်းရေးနှင့် လုံခြုံ ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုတို့ကို တိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ လတ်တလော ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွား ထိခိုက်နစ်နာမှုများကို ဖြေရှင်းရာတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် လိုအပ် ကြောင်း အလေးထားဆွေးနွေးခဲ့ ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က အာဆီယံ-ကုလသမဂ္ဂ ဘက်စုံ မိတ်ဖက်ဆက်ဆံရေးနှင့် အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက် မှုလုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၂၀) အကောင်အထည်ဖော်ဆောင်ရွက်မှုတို့ တွင် သိသာထင်ရှားသည့်အောင်မြင်မှု များရရှိသည့်အတွက် အားရကျေနပ် ကြောင်း၊ ယခုအစည်းအဝေး၌ အာဆီယံ-ကုလသမဂ္ဂ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း အစီအစဉ်သစ် (၂၀၂၁-၂၀၂၅) အတည်ပြုချမှတ်ခြင်း ကို ထောက်ခံကြိုဆိုကြောင်း၊ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ ဦးဆောင် မှုဖြင့် COVID-19 ရောဂါတိုက်ဖျက်ရေး ဆိုင်ရာ နိုင်ငံတကာအစီအစဉ်များကို ချမှတ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိ ကြောင်း၊ လက်ရှိတွင် ထိရောက်လုံခြုံ စိတ်ချမှုရှိပြီး လက်လှမ်းမီသည့် ဈေးနှုန်းဖြင့် အားလုံးသာတူညီမျှခံစား ရရှိနိုင်သည့် ကာကွယ်ဆေးရရှိရေး သည် နိုင်ငံအားလုံး၏ ဦးစားပေးကိစ္စ တစ်ရပ်ဖြစ်သည့်အတွက် အာဆီယံ နှင့် ကုလသမဂ္ဂတို့အကြား ယင်းကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရန် လိုအပ်ကြောင်း၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒသည် ဒေသတွင်းနှင့် နိုင်ငံတကာ၏ တည်ငြိမ်အေးချမ်း ရေးကို ကြီးမားစွာခြိမ်းခြောက်လျက် ရှိရာ အဆိုပါပြဿနာကို ရင်ဆိုင် ဖြေရှင်းရာတွင် အာဆီယံနှင့် ကုလ သမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် အရေးကြီးကြောင်း ထည့်သွင်းဆွေးနွေးသည်။
ရခိုင်ပြည်နယ် အရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တုံ့ပြန် ဆွေးနွေးရာ၌ ရခိုင်ပြည်နယ် အရေး ကိစ္စမှာလည်း အကြမ်းဖက်မှု (terro-rism) နှင့် ပါဝင်ဆက်စပ်နေသည်ကို မျက်ကွယ်မပြုရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တွေ့ကြုံရင်ဆိုင် နေရသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာသည် ARSA ဟု အများသိထားသည့် Hara-kah al-Yaqin အကြမ်းဖက်အဖွဲ့ က လုံခြုံရေးစခန်းအများအပြားကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကြောင့် စတင် ပေါ်ပေါက်လာခြင်းဖြစ်သည်ကို အများ က လျစ်လျူရှုထားကြောင်း၊ ကော့ခ် ဘဇားရှိ ဒုက္ခသည်စခန်းတွင် ARSA အဖွဲ့ဝင်များရှိနေပြီး ၎င်းတို့သည် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာအောင် နှောင့်ယှက်လျက်ရှိသည်ဟု ခိုင်လုံ သည့် သတင်းများအရ သိရှိရကြောင်း၊ ၎င်းအကြမ်းဖက်အဖွဲ့သည် ဒုက္ခသည် စခန်းအတွင်း လက်နက်နှင့် မူးယစ် ဆေးဝါးများ တရားမဝင်ရောင်းဝယ် ဖောက်ကားမှု၊ ပြန်ပေးဆွဲမှုနှင့် လူကုန် ကူးမှုများ၊ အကြမ်းဖက်မှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက် နေသည့်အပြင် စစ်သင်တန်းများကိုပင် ပေးနေသည်ဟု သတင်းများတွင် ဖော်ပြထားကြောင်း၊ ARSA နှင့် AA အကြမ်းဖက်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏နယ်မြေကို ခြေကုပ်ယူလျက် အကြမ်းဖက်လုပ်ရပ်များ ဆက်လက် ဆောင်ရွက်နေခြင်းအပေါ် စိုးရိမ်ပူပန် ကြောင်း၊ ARSA ၏ လှုပ်ရှားမှုများ၊ AA ၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့် COVID-19 ရောဂါ ဖြစ်ပွားမှုအခြေ အနေများကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးအပါအဝင် ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အစိုးရ၏ ကြိုးပမ်းချက်များကို ပိုမိုရှုပ်ထွေးလာ စေကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရေးမှာ မြန်မာနိုင်ငံအပေါ် တွင်သာ တာဝန်ရှိနေခြင်းမဟုတ်ဘဲ နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်း စဉ်အောင်မြင်ရေးအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု လည်း လိုအပ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ စိစစ် အတည်ပြုပြီးဖြစ်သော နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးအတွက် လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်းအားလုံး၏ တည်ငြိမ် အေးချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းရင်း မိမိတို့ပြည်သူ များအား ကာကွယ်စောင့်ရှောက်ရန် အတွက်လည်းကောင်း မြန်မာနိုင်ငံ အနေဖြင့် ကတိကဝတ်ပြုထားကြောင်း ကိုလည်း အသိပေးလိုကြောင်း၊ ကုလ သမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ရှုပ်ထွေး သည့်စိန်ခေါ်မှုများကို နားလည်ရန် ကြိုးပမ်းပြီး မြန်မာနိုင်ငံ၏ ပြဿနာ ဖြေရှင်းရေးကြိုးပမ်းမှုများ အောင်မြင် စေရန် အစိုးရ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးတွင် ကူညီပံ့ပိုးပေးမည် ဟုမျှော်လင့်ကြောင်း ပြောကြားသည်။
၂၀၂၀ ပြည့်နှစ်သည် ကုလသမဂ္ဂ၏ (၇၅)နှစ်မြောက် နှစ်ပတ်လည်အထိမ်း အမှတ်ဖြစ်သည့်အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံနှစ်နိုင်ငံအနေဖြင့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်း မဟုတ်သော အလှည့်ကျအဖွဲ့ဝင် အဖြစ် တာဝန်ယူလျက်ရှိသည့်အတွက် ယခုနှစ်တွင်ကျင်းပသည့် အာဆီယံ-ကုလသမဂ္ဂဝန်ကြီးအဆင့် အစည်း အဝေးသည် ထူးခြားသည့်အစည်းအဝေး တစ်ရပ်ဖြစ်သည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများလည်း ပါဝင်တက်ရောက် ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်